
မေလကစပြီး ကျင်းပခဲ့တဲ့ ၁၀ ကြိမ်မြောက် လွှတ်တော်အရပ်ရပ်ဟာ သြဂုတ် ၁ ရက်မှာ ပြီးဆုံးခဲ့ပြီး ၂ လကျော်ကြာ ကျင်းပခဲ့တဲ့ ဒီတကြိမ်လွှတ်တော်ထဲ ဥပဒေ ၁၄ ခု အတည်ပြု ထုတ်ပြန်နိုင်ခဲ့တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်နောက်ဆုံးရက်မှာ ပြောကြားခဲ့ပါတယ်။ ကျင်းပပြီးသမျှ လွှတ်တော်အရပ်ရပ်ကနေ ဥပဒေပေါင်း ၁၁၂ ခု အတည်ပြုနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ မြန်မာပြည်ရဲ့ လွှတ်တော်တွေ ဥပဒေပြုရေးအပိုင်းမှာ တကြိမ်ထက်တကြိမ် တိုးတက်မှု ရှိလာပါသလား။ ဒီတကြိမ် လွှတ်တော်စည်းဝေးတွေကို ဘယ်ဆွေးနွေးချက်တွေက လွှမ်းမိုးသွားပါသလဲ။
အန်အယ်ဒီပါတီရဲ့ မကွေးတိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်ကို ဆက်သွယ် မေးမြန်းထားပါတယ်။










