DVB Logo
Home
မြန်မာသတင်း
တနင်္သာရီဝန်ကြီးချုပ်ယာဉ်တန်းလုံခြုံရေး ရဲနှင့် စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေ
DVB
·
September 17, 2023
တနင်္သာရီဝန်ကြီးချုပ်ယာဉ်တန်းလုံခြုံရေး ရဲနှင့် စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေ
Donate to DVB

တနင်္သာရီတိုင်း၊  ထားဝယ်နည်းပညာတက္ကသိုလ်က ဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲကိုလာတဲ့ စစ်ကောင်စီခန့်ဝန်ကြီးချုပ်ယာဉ်တန်းမှာ ရှေ့ပြေးလိုက်ပါလာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေကို စနိုက်ပါ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပကဖ (DGRF) နဲ့ ဥသြစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမြတ်ကိုရဲ့ ယာဉ်တန်းဟာ မနေ့မနက်ပိုင်းက တက္ကသိုလ်ကို လာနေတုန်း ရှေ့ပြေးလာတဲ့ Vigo ကားကို မောင်မယ်ရှောင်ရွာ ဟားလီးကွေ့မှာ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတကြိမ်နဲ့  နေ့လယ်ပိုင်းမှာလည်း ဝန်ကြီးချုပ် ကျောင်းမှာရှိနေတုန်း ကင်းပုန်းဝပ်နေတဲ့နေရာကို ၈၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးပြီး ၁၀ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ DGRF က အတည်ပြုထုတ်ပြန်ထားပြီး သေဆုံးတဲ့ ၅ ယောက်ဟာ စနိုက်ပါနဲ့ပစ်ခတ်တုန်းက ထိမှန်ခဲ့တဲ့ ပွိုင့်ကားက  ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ DGRF တာဝန်ရှိသူက ဆိုပါတယ်။

မောင်မယ်ရှောင်ရွာသားတယောက်က “စစ်သားတွေက ဘုရားမဲဂိတ်နဲ့ မောင်မယ်ရှောင် ရွာထဲမှာ စက်တင်ဘာ ၁၄ ရက်ကတည်းက ညအိပ်စောင့် ကင်းပုန်းဝပ်နေတာ၊ လူကြီးလမ်းကြောင်းကြောင့်။ ၁၆ ရက်မှာတော့ နေ့လယ်ပိုင်းအထိ ပစ်သံတွေ ကြားနေရတယ်” လို့ ပြောပါတယ်။

အဲဒီ ပစ်ခတ်တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်း တစုံတရာ ထုတ်ပြန်ထားမျိုးတော့ မရှိသေးပါဘူး။

စစ်ကောင်စီခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟာ အသစ်ခန့်ထားတဲ့ လုံနယ် ဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့အတူ စက်တင်ဘာ ၁၅ ရက်မှာ ထားဝယ် နည်းပညာတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်နဲ့ နည်းပညာအထက်တန်းကျောင်းတို့ကို လာပြီး ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ တိုင်း ပြန်/ဆက်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့နှစ်ကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းခရီးစဉ်အတွက် လုံခြုံရေးယူတဲ့ ပွိုင့်ကားနဲ့ ထားဝယ် အရှေ့တော ဒေသကို သွားတဲ့ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ယာဉ်တန်းက ပွိုင့်ကားတွေ ပစ်ခတ်တိုက်ခိုက်ခံရပါသေးတယ်။

အခု စက်တင်ဘာလဝက်အတွင်းမှာလည်း မောင်မယ်ရှောင်ရွာ ဘုရားမဲ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံနေရတာ ၂ ကြိမ်ရှိပြီလို့ ထားဝယ်ပကဖရဲ့ တိုက်ပွဲ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013