DVB Logo
Home
နိုင်ငံတကာ
 iPhone 12 မော်ဒယ် ရောင်းချမှု ပြင်သစ်နိုင်ငံ၌ ရပ်ဆိုင်းမည်
DVB
·
September 15, 2023
 iPhone 12 မော်ဒယ် ရောင်းချမှု ပြင်သစ်နိုင်ငံ၌ ရပ်ဆိုင်းမည်
Donate to DVB

ပြင်သစ်နိုင်ငံမှာ Apple ဟာ သူ့ရဲ့  iPhone 12 မော်ဒယ်ကို ရောင်းချတာ ရပ်ဆိုင်းရမှာဖြစ်ကြောင်း ပြင်သစ်ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ အငယ်တန်းဝန်ကြီး ယွန်နွဲလ်ဘားရော့ထ်က ပြောကြားခဲ့ပါတယ်။ 

မြင့်မားလွန်းတဲ့ ဓာတ်ရောင်ခြည်ကြောင့် iPhone 12 အရောင်းကို ပြင်သစ်စောင့်ကြည့်ရေးဌာနက ရပ်ဆိုင်းလိုက်တာပါ။ 

ပြင်သစ် ဓာတ်ရောင်ခြည်စောင့်ကြည့်ရေးအဖွဲ့ ANFR ဟာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး စမတ်ဖုန်းရဲ့ တိကျတဲ့ စုပ်ယူမှုနှုန်း (SAR) က တရားဝင် ခွင့်ပြုထားတာထက် အနည်းငယ်မြင့်မားနေကြောင်း တွေ့ရှိခဲ့ရပြီးနောက်မှာ iPhone 12 ရောင်းချမှုကို တားမြစ်မယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို Apple ကုမ္ပဏီကို အသိပေးခဲ့ကြောင်း ယွန်နွဲလ် ဘားရော့ထ် က France Info ရေဒီယိုမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်ကုမ္ပဏီ ဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက ရောင်းချနေတဲ့ ဖုန်းနဲ့ဆက်စပ်နေတဲ့ ဓာတ်ရောင်ခြည် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဆော့ဖ်ဝဲလ်အပ်ဒိတ်က လုံလောက်မယ်လို့လည်း ဘားရော့ထ် က ပြောပါတယ်။ 

သိပ္ပံနည်းကျ လေ့လာချက်တွေအရ တချို့သော ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့ မိုဘိုင်းလ်ဖုန်းတွေနဲ့ ထိတွေ့ချိတ်ဆက်မှုတွေနဲ့ ဆက်နွှယ်ပြီး SAR တန်ဖိုးတွေအတွက် ဘေးကင်းရေး ကန့်သတ်ချက်တွေကို ဥရောပသမဂ္ဂက သတ်မှတ်ထားတာပါ။

ပြင်သစ်စောင့်ကြည့်ရေးအဖွဲ့ဟာ သူ့ရဲ့တွေ့ရှိချက်တွေကို တခြား အီးယူအဖွဲ့ဝင် နိုင်ငံတွေဆီကိုလည်း ပေးပို့မှာဖြစ်ပါတယ်။ 

၂၀၂၀ ပြည်နှစ်က ပြင်သစ်ဟာ တက်ဘလက်တွေနဲ့ တခြား အီလက်ထရွန်နစ် ကိရိယာတွေ အပါအဝင် ဆဲလ်ဖုန်းတွေရဲ့ ထုပ်ပိုးမှုတွေမှာ ထုတ်ကုန်တွေရဲ့ ဓာတ်ရောင်ခြည်တန်ဖိုးကို ပြသဖို့ လက်လီရောင်းချသူတွေ လိုအပ်တဲ့ စည်းမျဉ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ခဲ့ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013