DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် နေ့စားလပေးဆရာ ၁၅၀၀ ကျော် အလုပ်စခန့်
DVB
·
August 2, 2014
ချင်းပြည်နယ်တွင် နေ့စားလပေးဆရာ ၁၅၀၀ ကျော် အလုပ်စခန့်
Donate to DVB

တစ်နိုင်ငံလုံးမှာ တက္ကသိုလ်ဝင်တန်းအောင်ချက်အနည်းဆုံးဖြစ်တဲ့ ချင်းပြည်နယ်မှာ နေ့စား လပေးကျောင်းဆရာ ၁၆၀၀ ကျော်ထပ်ခန့်လိုက်ပြီး သြဂုတ်လ ၁ ရက်နေ့က စတင်ပြီး အလုပ်ဆင်းရကြောင်း ပြည်နယ် ပညာရေးဌာန အရာရှိ တယောက်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသဖြစ်တဲ့ ချင်းပြည်နယ်ဟာ ပညာရေးကဏ္ဍမှာလည်း လိုအပ်ချက်တွေ အများကြီးရှိနေတာဖြစ်ပါတယ်။

Chin-300x188ကျောင်းပေါင်း ၁၃၀၀ ကျော်နဲ့ ကျောင်းသား ၁ သိန်း ၁ သောင်းကျော် အတွက် ပညာရေးဝန်ထမ်း ၈ ထောင်လောက်ပဲ ရှိနေတယ်လို့ ပြည်နယ် ပညာရေးဌာန အရာရှိ တစ်ယောက်ကပြောပါတယ်။

အဲဒီအတွက် ဒီနှစ်မှာ နေ့စား လပေးကျောင်းဆရာ ၁၆၄၀ ကိုထပ်ခန့်လိုက်တယ်လို့ သူက ပြောပါတယ်။

ဒီဆရာတွေအားလုံးဟာ မူလတန်း အဆင့်တွေကို အထက်တန်းအဆင့်မှာလည်း ဆရာလိုအပ်ချက်ရှိနေတာ ဖြစ်ပါတယ်။ ကျောင်းဆရာလိုအပ်တာနဲ့ပတ်သက်ပြီး ပြည်နယ် ပညာရေးဌာန အရာရှိ တယောက်ကအခုလို ပြောပါတယ်။

“အခုထပ်မံ လိုအပ်သေးတဲ့ နေရာလည်း ရှိသေးတယ်။ ဥပမာ - ကျနော်တို့ မူလတန်းကျောင်းခွဲ ၁၃ ကျောင်း ထပ်ရတယ်။ အခုမှ ထပ်ရတယ်ဆိုတော့ အဲဒါတွေက ခွဲတမ်း မပါသေးဘူး။ နောက် အရင်နှစ်က ၈၉၀ ခန့်ထားတဲ့နေရာမှာ အလုပ်မ၀င်တဲ့သူတွေ ၁၁၀ လောက် ရှိသေးတော့ ဖြည့်စွက်လို့ မရသေးဘူး။ ကျနော်အခုလောလောဆယ် အထက်တန်းပြ လိုအပ်ချက် မြို့နယ်အလိုက်စာရင်းလုပ်တဲ့အခါမှာ ၂၀၀ ပတ်ဝန်းကျင်လောက် လိုတယ်။ အဲဒီ စာရင်းလုပ်တဲ့အခါမှာ ကျနော်တို့က တနိုင်ငံလုံးမှာ အောင်ချက်အနည်းဆုံး ပြည်နယ်ဖြစ်တော့ အော် အဲဒါကြောင့် ဒီလောက်လိုအပ်နေဆိုတော့ ဘယ်အောင်ချက် ကောင်းပါ့မလဲ ဆိုတဲ့ဟာ စိတ်ထဲမှာ တဖွားဖွားပေါ်လာတယ်။ ”

လိုအပ်တဲ့ ဆရာအရေအတွက်ကို စာရင်းပြုစုနေပြီး အမှတ် ၂ အခြေခံ ပညာရေးဦးစီးဌာနကို တင်ပြဖို့ရှိတယ်လို့လည်း သူကပြောပါတယ်။

နေ့စားလပေးဆရာတွေကို တရက်မှာ ၅ ထောင်ကျပ်နှုန်းနဲ့ အလုပ်ခန့်ထား လိုက်တာဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား ၁၀၀ မှာ ၈ ယောက်ပဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013