DVB Logo
Home
နိုင်ငံတကာ
iPhone ဝယ်ယူအသုံးပြုမှု တားမြစ်ခြင်းမရှိဟု တရုတ်ပြော
DVB
·
September 14, 2023
iPhone ဝယ်ယူအသုံးပြုမှု တားမြစ်ခြင်းမရှိဟု တရုတ်ပြော
Donate to DVB

တရုတ်နိုင်ငံဟာ နိုင်ငံခြားဖုန်းအမှတ်တံဆိပ်တွေကို ဝယ်ယူသုံးစွဲတဲ့အပေါ် တားမြစ်ချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

တချို့အစိုးရအေဂျင်စီတွေနဲ့ ကုမ္ပဏီတွေမှာ အလုပ်ခွင်အတွင်း Apple ကုမ္ပဏီထုတ် iPhone တွေ သုံးစွဲတာကို ရပ်ဆိုင်းထားဖို့ ဝန်ထမ်းတွေကို ညွှန်ကြားထားကြောင်း ဖော်ပြထားတဲ့ သတင်းတွေကို တုံ့ပြန်လိုက်ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်းက  “Apple လိုမျိုး နိုင်ငံခြားအမှတ်တံဆိပ်ဖုန်းတွေကို ဝယ်ယူအသုံးပြုခြင်းကို တားမြစ်တဲ့ဥပဒေ၊ စည်းမျဉ်း သို့မဟုတ် မူဝါဒ စာရွက်စာတမ်းတွေကို တရုတ်နိုင်ငံက ထုတ်ပြန်ထားခြင်း မရှိကြောင်း၊ ဒါပေမဲ့ မကြာသေးခင်ကပဲ Apple ဖုန်းတွေနဲ့ ဆက်စပ်နေတဲ့ လုံခြုံရေးဆိုင်ရာ အဖြစ်အပျက်တွေအပေါ် မီဒီယာထိတွေ့မှု အများအပြားကို သတိပြုမိခဲ့ကြောင်း”‌ နေ့စဉ်သတင်းရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ အိုင်ဖုန်း အသုံးပြုမှုအပေါ် ကန့်သတ်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပြီး ဗဟိုအစိုးရအေဂျင်စီတချို့က ဝန်ထမ်းတွေကိုလည်း အလုပ်ထဲမှာ သူတို့ရဲ့ Apple မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုတာကို ရပ်တန့်ဖို့ ပြောကြားခဲ့ကြောင်း မကြာသေးခင်ကမှ ရိုက်တာသတင်းမှာ ဖော်ပြခဲ့တာပါ။

ဒီတားမြစ်ချက်ဟာ ပေကျင်းနဲ့ ဝါရှင်တန်ကြား တင်းမာမှုတွေ မြင့်တက်နေချိန်နဲ့ တိုက်ဆိုင်နေပြီး ဝင်ငွေတိုးမှုနဲ့ ကုန်ထုတ်လုပ်မှုအတွက် တရုတ်နိုင်ငံအပေါ် ကြီးကြီးမားမား မှီခိုနေရတဲ့ Apple အတွက် စိန်ခေါ်မှုတွေ တိုးလာနေကြောင်း အချက်ပြနေတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက တရုတ်အစိုးရဟာ သတင်းအချက်အလက်နဲ့ ဆိုက်ဘာလုံခြုံရေးကို အလွန်အလေးထားကြောင်းနဲ့ တရုတ်နိုင်ငံမှာ လည်ပတ်နေတဲ့ မိုဘိုင်းလ်ဖုန်း ကုမ္ပဏီတွေ အားလုံးဟာ တရုတ်နိုင်ငံရဲ့ ဒေတာ လုံခြုံရေးဥပဒေနဲ့ ကိုယ်ရေးအချက်အလက်များ ကာကွယ်ရေးဥပဒေ၊ တခြားဥပဒေတွေနဲ့ စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

သတင်းအချက်အလက် လုံခြုံရေးအတွက် စီမံခန့်ခွဲမှု အားကောင်းရေးနဲ့ မိုဘိုင်းလ်ဖုန်းတွေမှာ သိမ်းဆည်းထားတဲ့ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကမဆို ခိုးယူခြင်းမှ ကာကွယ်ပေးရေးတွေကို မျှော်လင့်ထားပြီး ဒါမှ သတင်းအချက်အလက် လုံခြုံရေးကို အာမခံနိုင်မှာဖြစ်ကြောင်းလည်း မော်နင်းက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013