DVB Logo
Home
နိုင်ငံတကာ
လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို လိုက်နာရန် မြောက်ကိုရီးယားကို ကုလအကြီးအကဲပြော
DVB
·
September 14, 2023
လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို လိုက်နာရန် မြောက်ကိုရီးယားကို ကုလအကြီးအကဲပြော
Donate to DVB

မြောက်ကိုရီးယားဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ လုံးဝ မဖြစ်မနေ လိုအပ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ ဘယ်လိုပုံစံနဲ့မဆို ပူးပေါင်းဆောင်ရွက်တဲ့ ဘယ်နိုင်ငံမဆို လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို လေးစားလိုက်နာရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြောက်ကိုရီးယားဟာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီးတော့ မနေ့ကပဲ ဒုံးကျည်အသစ် ၂ စင်း ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံကြရာမှာ နည်းပညာအတွက် ခဲယမ်းမီးကျောက်တွေ လဲလှယ်မှုလို့ လူတွေ ယုံကြည်နေကြတာကြောင့် မြောက်ကိုရီးယားရဲ့ နျူးကလီးယားအစီအစဉ် တိုးတက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့ သတင်းထောက်ရဲ့ မေးခွန်းကို ဂူတားရက်စ်က ပြန်ဖြေဆိုခဲ့တာပါ။

ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ စက်တင်ဘာ ၁၃ ရက်က ရှားရှားပါးပါး တွေ့ဆုံခဲ့ကြပြီး စစ်ဘက်ဆိုင်ရာကိစ္စတွေ၊ ယူကရိန်းစစ်ပွဲနဲ့ ကွန်မြူနစ်နိုင်ငံတော်ရဲ့ လျှို့ဝှက်ဂြိုဟ်တု အစီအစဉ်အတွက် ဖြစ်နိုင်ခြေရှိတဲ့ ရုရှားရဲ့ အကူအညီတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

ရုရှားနိုင်ငံ အရှေ့ဖျားရှိ ရုရှားရဲ့ အဆင့်မြင့်ဆုံး အာကာသဒုံးပျံလွှတ်တင်ရေး စခန်းတဝိုက်ကို ပူတင်က ကင်မ်ကို လိုက်ပြခဲ့ပြီး မြောက်ကိုရီးယား အာကာသယာဉ်မှူးကို အာကာသထဲ စေလွှတ်နိုင်ခြေကို ဆွေးနွေးခဲ့ကြပါတယ်။

ခရီးစဉ်အပြီးမှာ အသက် ၇၀ အရွယ် ပူတင်နဲ့ ၃၉ နှစ်အရွယ် ကင်မ်တို့ဟာ သူတို့ရဲ့ ဝန်ကြီးတွေနဲ့ နာရီအတော်ကြာ ဆွေးနွေးခဲ့ကြပြီးနောက် ကမ္ဘာ့ရေးရာနဲ့ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွေကို တဦးချင်း ဆွေးနွေးခဲ့ကြပါတယ်။

ပူတင်ဟာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြောင်း အရိပ်အမြွက် ပြောခဲ့ပေမဲ့ အသေးစိတ် အချက်အလက် အနည်းငယ်ကိုပဲ ထုတ်ပြန်ခဲ့ပါတယ်။

အိမ်နီးနားချင်းတွေကြား အကဲဆတ်တဲ့ ဆွေးနွေးမှုတွေဟာ သီးသန့်ကိစ္စဖြစ်တယ်လို့ ကရင်မလင်က ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013