DVB Logo
Home
Lead Story
၄၃၆ ပြင်ဆင်ရေး လက်မှတ်ပေါင်း သိန်း ၅၀ ခန့် ရရှိ
DVB
·
August 1, 2014
၄၃၆ ပြင်ဆင်ရေး လက်မှတ်ပေါင်း သိန်း ၅၀ ခန့် ရရှိ
Donate to DVB

10371929_709056075799562_8154797545118076990_nသြဂုတ် ၁ ရက်နေ့ညနေ ၃ နာရီအထိ ရေတွက်ရာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၄၃၆ ပြင်ဆင်ရေးလက်မှတ် သိန်း ၅၀ နီးပါးလောက်ရရှိထားပြီဖြစ်ပြီး ၅ ရက်နေ့လောက် အားလုံး ရေတွက်ပြီးတဲ့အခါ ကြေညာချက်ထုတ်ပြန်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ ညနေပိုင်းက ကောင်ခံရရှိမှုမှာ ၄၅ သိန်းထိ ရှိခဲ့တဲ့အတွက် ၃ ရက်အတွင်း ၅ သိန်းနီးပါး ထပ်တိုးလာတာလည်း ဖြစ်ပါတယ်။

၂၉၁ မြို့ နယ်မှကောက်ခံရရှိထားတဲ့ လက်မှတ်တွေ ရေတွက်နေပြီဖြစ်ပြီး ၁၀ မြို့နယ်လောက် ပဲ အဖွဲ့ကိုပေးဖို့ ကျန်တော့တယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၃၆ ပြင်ဆင်ရေး လက်မှတ်တွေ ကောက်ခံနေစဉ် ကာလအတွင်းတုန်းက လက်မှတ်အရေအတွက် သိန်း ၅၀ နီးပါးလောက် ရရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013