
မက္ကဆီကိုနိုင်ငံမှာ UFO လို့ခေါ်တဲ့ အမျိုးအစားခွဲခြားဆုံးဖြတ်တာ မလုပ်ရသေးတဲ့ ဖြစ်ရပ်ဆန်းတွေနဲ့ ပတ်သက်တဲ့ ပထမဆုံးသော လူထုကြားနာပွဲမှာ လူသားမဟုတ်တဲ့ သတ္တဝါတွေရဲ့ ရုပ်ကြွင်းတွေကို စက်တင်ဘာ ၁၂ ရက်က ပြသခဲ့ပါတယ်။
ပီရူးနိုင်ငံကနေ ၂၀၁၇ ခုနှစ်က ပြန်ရထားတဲ့ သတ္တဝါအရုပ်အလောင်းနှစ်လောင်းဟာ သက်တမ်း နှစ် ၇၀၀ နဲ့ နှစ် ၁၈၀၀၀ ရှိကြပြီး သူတို့ရဲ့ လက်တစ်ဖက်စီမှာ လက်ချောင်းသုံးချောင်းသာရှိကာ ရှည်လျားတဲ့ ဦးခေါင်းတွေလည်း ရှိနေပါတယ်။
ဒီရုပ်အလောင်းတွေဟာ လူမဟုတ်တဲ့ နမူနာတွေဖြစ်တယ်လို့ မက္ကဆီကို သတင်းထောက် UFO ဆိုင်ရာ သုတေသနပညာရှင် ဂျေမီမောင်ဆန်က ရှင်းလင်း သရုပ်ပြ ပြောဆိုခဲ့ပါတယ်။
မမ်မီရုပ်ကြွင်း၂ခုရဲ့ DNA မျိုးဗီဇဟာ လူသားတွေနဲ့ မသက်ဆိုင်တာကိုလည်း သုတေသီတွေက သက်သေပြနိုင်ခဲ့ ပါတယ်။
ဒီကြားနာပွဲဟာ ဝေဟင်အာကာသကာကွယ်ရေးဥပဒေပါ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရာမှာ မက္ကဆီကိုက ကမ္ဘာပေါ်မှာ ဂြိုလ်သားတွေရှိနေတာကို အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ စေဖို့ ရည်မှန်းထားတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
Source/Photo - Reuters











