DVB Logo
Home
မြန်မာသတင်း
ကနောင်စစ်ဆင်ရေးတွင် စစ်ကောင်စီ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၈၀ ခန့် သေဆုံး 
DVB
·
September 13, 2023
ကနောင်စစ်ဆင်ရေးတွင် စစ်ကောင်စီ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၈၀ ခန့် သေဆုံး 
Donate to DVB

မန္တလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY PDF ရဲ့ ကနောင်စစ်ဆင်ရေး  နှစ်လတာကာလအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး ၂ ဦးအပါအဝင် ၈၀ ခန့် သေဆုံးခဲ့တယ်လို့ MDY PDF က စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

သြဂုတ် ၄ ရက်ကနေ စက်တင်ဘာ ၁၀ ရက်အထိ စစ်ကောင်စီတပ်နဲ့ MDY PDF တို့ တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ MDY PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

"နှစ်လတာတိုက်ပွဲ၊ ကနောင်စစ်ဆင်ရေးမှာ ရန်သူဘက်က ထိခိုက်ဒဏ်ရာရတာများတယ်၊ တော်တော်လေးအထိနာတယ်လို့ ပြောရင်ရတယ်။ ကျနော်တို့ဘက်က ဒီစစ်ဆင်ရေး ဖော်ဆောင်တဲ့အခါမှာ အားရကျေနပ်မှုရှိတယ်၊ ခုလက်ရှိအချိန်ထိလည်း သူတို့ဘက်က ထပ်အင်အားဖြည့်တင်းနေတာ သိရတယ်။ အခုချိန်ထိလည်း စစ်ရေးတင်းမာနေဆဲ အခြေအနေပါ။" 

နောင်ချိုမြို့အနီးတနေရာမှာ စစ်ကောင်စီတပ်ရဲ့ ယာဥ်တန်းကို သြဂုတ် ၄ ရက်က ချုံခိုတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို သြဂုတ် ၁၁ ရက်နေ့မှာလည်း စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ၁ ဦးအပါဝင် ၁၀ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ် ၂၆ ရက်ကလည်း MDY PDF ရဲ့ နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တကြိမ်ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးကျဆုံးခဲ့သလို စက်တင်ဘာ ၇ ရက်နေ့မှာလည်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်-မိုးကုတ်အနီး တောင်နီကျေးရွာ တာဝါတိုင်ကုန်းကို ရောက်လာတဲ့ စစ်သားတွေကို စက်တင်ဘာ ၈ ရက်နေ့မှာ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ပြီး စက်တင်ဘာ ၁၀ ရက်နေ့တိုက်ပွဲမှာ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ကိုအော်စမွန်က ပြောပါတယ်။

"တိုက်ပွဲတွေမှာ ရန်သူဘက်က ထိခိုက်ကျဆုံးမှုကို တွက်ချက်တဲ့အခါ အဓိကတော့ တိုက်ပွဲအတွင်း ကိုယ့်ဘက်က ပစ်လိုက်တာကို သူတို့ကျတာကို မျက်မြင်မြင်တွေ့ရတာကို အဓိကယူပါတယ်။ မြေပြင်ကနေတဆင့် ထောက်လှမ်းရတာတွေလည်းရှိပါတယ်။" 

ကနောင်စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုကို မျက်မြင်ကျဆုံးမှု မြင်ရတာတွေ၊ အလောင်းရရှိမှုတွေကို ရေတွက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က စက်တင်ဘာ ၇ ရက်နေ့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တာကို ခံထားရတဲ့အတွက် အနီးဝန်းကျင်က ကလေးသူငယ်တွေကို လူသားဒိုင်းအနေနဲ့ထားပြီး ဆုတ်ခွာခဲ့သလို ကျေးရွာ ရွာသူကြီးတွေကိုလည်း အတင်းဖိအားပေးပြီး လမ်းပြအဖြစ် ခေါ်ဆောင်တာတွေရှိတယ်လို့ သိရပါတယ်။

ကနောင်စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013