DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့်စာနယ်ဇင်း ဆက်ဆံရေးကောင်းအောင် ကြိုးစားမည်ဟု ပြန်ကြားရေး ၀န်ကြီးသစ်ပြော
DVB
·
August 1, 2014
အစိုးရနှင့်စာနယ်ဇင်း ဆက်ဆံရေးကောင်းအောင် ကြိုးစားမည်ဟု ပြန်ကြားရေး ၀န်ကြီးသစ်ပြော
Donate to DVB

အစိုးရနဲ့ စာနယ်ဇင်းလောကသားတွေအကြား ကျင့်ဝတ်နဲ့ အပြန်အလှန်လေးစားတဲ့ ဆက်ဆံရေးကောင်းတခု ပေါ်ပေါက်ဖို့အတွက် အမြန်ဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးသစ်က ပြောပါတယ်။

[caption id="attachment_35152" align="alignleft" width="300"]ဦးရဲထွဋ် ဦးရဲထွဋ်[/caption]ပြည်ထောင်စုလွှတ်တော်မှာ ပြန်ကြားရေးဝန်ကြီးတာဝန်ကို ရယူဖို့အတွက် ကျမ်းကျိန်ခဲ့ပြီးတဲ့နောက် ဒီဗွီဘီကို အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မီဒီယာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဒုတိယအနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ကျင့်ဝတ်ပိုင်းနဲ့ စာနယ်ဇင်းအတတ်ပညာ မြင့်မားဖို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)က ဆောင်ရွက်နေတာကိုလည်း ပါဝင် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ဦးရဲထွဋ်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံပိုင်သတင်းစာတွေကိုလည်း စာနယ်ဇင်းကောင်စီက ပြဋ္ဌာန်းထားတဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ အညီ ဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ သတင်းစာတွေကလည်း စာနယ်ဇင်းကောင်စီရဲ့ ပြဋ္ဌာန်းထားတဲ့ စာနယ်ဇင်း ကျင့်ဝတ်အတိုင်း လိုက်နာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒီနေ့ပဲ နှုတ်နဲ့ စာနယ်ဇင်းကောင်စီက အဖွဲ့ဝင်များကို အသိပေးခဲ့ပါတယ်။ မကြာခင်ပဲ တရားဝင်စာနဲ့ စာနယ်ဇင်းကောင်စီကို အကြောင်းကြားမှာ ဖြစ်ပါတယ်။”

အစိုးရရဲ့ မူဝါဒပိုင်းနဲ့ မပတ်သက်တဲ့ သတင်းတွေကို မြန်မြန်ဆန်ဆန် ထုတ်ပြန်ပေး နိုင်အောင် အဖွဲ့တခု ဖွဲ့စည်းဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဦးရဲထွဋ်က ပြောဆိုပြီး သမ္မတရဲ့ မူဝါဒဆိုင်ရာတွေကိုတော့ အပြောင်းအလဲမရှိရင် နဂိုအတိုင်း သမ္မတရဲ့ ပြောခွင့်ရသူအဖြစ် သူကပဲ ဆက်တာဝန်ယူမယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် စတင်အကောင်အထည်ဖော်ဆောင်တော့မယ့် မွန်၊ ကရင်ပြည်နယ်မှာ နိုင်ငံပိုင်သတင်းစာအတွင်း မွန်၊ စကောကရင်၊ ပိုးကရင်၊ ပအိုဝ်းဘာသာ ၄ မျိုးနဲ့ အချပ်ပို ထည်သွင်းတာကို နောင်မှာလည်း ကိုယ်ပွားပုံနှိပ်တိုက်တွေ ရှိတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ တိုင်းရင်းသားဘာသာနဲ့ အချပ်ပိုတွေကို ထည့်သွင်းဖို့ တိုးချဲ့လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013