DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ ဗောဓိကမ်းတံတားကို စစ်တပ်က ပိတ်ထား၊ ဘုတ်ပြင်း စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ
DVB
·
September 13, 2023
တနင်္သာရီ ဗောဓိကမ်းတံတားကို စစ်တပ်က ပိတ်ထား၊ ဘုတ်ပြင်း စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ
1 / 2
Donate to DVB

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်ပြီး ဗောဓိကမ်းတံတားအား ပိတ်ချထားတာကြောင့် လူနာတင်ကားအပြင် တခြားကားတွေပါ ဖြတ်သန်းခွင့်မရဘူးလို့ ပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ တနင်္သာရီတံတားဦးရဲ့ ‌တောင်ပေါ်ကနေ စက်တင်ဘာ ၁၂ ရက်‌ မွန်းတည့် ၁၂ နာရီလောက်ကစပြီး ဘန်လောကျေးရွာဘက်ကို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “မနက်ကတည်းက ဗောဓိကမ်းတံတားမှာ ကားတွေ ပေးမဖြတ်ဘဲ ပိတ်ထားတယ်။ ဒီဘက်ကလည်း ပေးမဖြတ်ဘူး၊ မြိတ်ဘက်ကလာတဲ့ကားလည်း ပေးမဖြတ်ဘူး။ တနေ့လုံး လက်နက်ကြီးတွေ ပစ်နေတာ၊ နားကိုမနားဘူး။ မနက်ကတည်းက မြိတ်ကိုသွားတဲ့ အသိတယောက်လည်း ညနေလောက်က ပြန်လာတာ၊ ကားပေးမဖြတ်လို့ ပြန်လာတာတဲ့” လို့ ပြောပါတယ်။

ဒါ့အပြင် ညောင်ပင်ကွင်းကျေးရွာကနေ သဘော့လိပ်ကျေးရွာဘက်သွားတဲ့ လမ်းကိုလည်း ဒေသတွင်း လက်နက်ကိုင် KNU တပ်ဖွဲ့ကနေ စက်တင်ဘာ ၁၂ ရက်နေ့ နေ့လယ်လောက်မှာလည်း ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တယ်လို့ ဆိုပါတယ်။

အဆိုပါနေ့ ညဘက်အထိ စစ်ကောင်စီတပ်ကနေ ဗောဓိကမ်းတံတားကို ဖြတ်သန်းသွားလာခွင့် မပြုသေးတာကြောင့် ကားတွေဖြတ်သွားလို့မရဘဲ ပိတ်မိနေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ စစ်ကောင်စီဂိတ်စခန်း ၁ ခုကို ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမက္ဍိုင်မြို့၊ လေညာ-ဘန်ကလား တံတားကြီးဂိတ်အား စက်တင်ဘာ ၁၁ ရက် မနက် ၁၁ နာရီလောက် ဝင်ရောက်ပစ်ခတ်ခဲ့ပြီးတော့ နေ့လယ် ၁၂ ခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကနေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "လေညာ-ဘန်ကလား စစ်ဆေးရေးတံတားဂိတ်ကို ဝင်ပစ်တာပါ။ ၁ နာရီလောက် ပစ်ခတ်မှုဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်လာနိင်တယ်။ စစ်တပ်ဘက်က  ၂ ဦးသေတယ်" လို့ ပြောပါတယ်။

ဝင်‌ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်က တပ်သား ၂ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခါးအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ မေ ၈ ရက် ည ၇ နာရီလောက်ကလည်း အဆိုပါ လေညာတံတားဂိတ်မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းနဲ့ ဘုတ်ပြင်းမြို့နယ် flying star force ပကဖ ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013