DVB Logo
Home
အားကစား
ပရီးမီးယားလိဂ် အကောင်းဆုံးကွင်းလယ်ကစားသမား အမည်ကို ရိုက်စ် ထုတ်ဖော်ပြောဆို
DVB
·
September 13, 2023
ပရီးမီးယားလိဂ် အကောင်းဆုံးကွင်းလယ်ကစားသမား အမည်ကို ရိုက်စ် ထုတ်ဖော်ပြောဆို
Donate to DVB

အင်္ဂလန်ပရီးမီးယာလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားဟာ မန်းစီးတီးအသင်းသား ရိုဒရီ ဖြစ်တယ်လို့ အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ထုတ်ဖော်ပြောကြားသွားပါတယ်။

အင်္ဂလန်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်တွေ ကစားနေချိန် Channel 4 နဲ့ အင်တာဗျူးတစ်ခုမှာ အကောင်းဆုံးကွင်းလယ်ကစားသမားက ဘယ်သူလဲဆိုတာကို ရိုက်စ်က ထုတ်ဖော် ချီးကျူးခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကွင်းလယ်ကစားသမားက မန်စီးတီးကွင်းလယ်လူ ရိုဒရီဖြစ်ပြီး  သူ့ရဲ့လုပ်အားနှုန်းနဲ့ အသင်းကို ထိန်းကျောင်းနိုင်ပုံတွေက မယုံကြည်နိုင်လောက်အောင် ထူးချွန်ကြောင်း ရိုက်စ်က ပြောပါတယ်။

စပိန်ကွင်းလယ်လူ ရိုဒရီဟာ မနှစ်ကရာသီက မန်စီးတီးအသင်း ဆုဖလားသုံးလုံးရယူနိုင်ခဲ့ရာမှာ အဓိကနေရာကနေ ခြေစွမ်းပြခဲ့သူပါ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း တစ်လုံးတည်းသော အနိုင်ဂိုး သွင်းပေးခဲ့တာပါ။

သူဟာ အခုနှစ်မှာ ချီးမြှင့်မယ့် ဘလွန်းဒီအော အကောင်းဆုံးကစားသမားဆု ဆန်ခါတင် စာရင်းမှာလည်း ပါဝင်နေပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013