
အာဆင်နယ်နောက်ခံလူ ဂါဘရီယယ်ရဲ့ဒဏ်ရာဟာ ပြင်းထန်မှု မရှိတာကြောင့် ဘရာဇီးအသင်းနဲ့ အတူလေ့ကျင့်ခန်းပြန်ဆင်းနေတယ်လို့ သိရပါတယ်။
သူဟာ ဘိုလီးဗီးယားကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရာဇီးအသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရခဲ့တာပါ။
ပွဲချိန် နှောင်းပိုင်းမှာ ပေါင်ခြံဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီးနောက် ရက်သတ္တပတ်ခန့် အနားယူရနိုင်တယ်လို့ ခန့်မှန်း သုံးသပ်ခဲ့ကြတာပါ။
ဒါပေမဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂါဘရီယယ်ဟာ ပီရူးနဲ့ ပွဲစဉ်မတိုင်ခင် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ပြီး ပွဲထွက်ကစားဖို့အထိတောင် မျှော်လင့်နိုင်တယ်လို့ သိရပါတယ်။
ဒီသတင်းဟာ အာဆင်နယ်နည်းပြအာတေတာနဲ့ ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာ သတင်းကောင်းဖြစ်ခဲ့ကြောင်း မီဒီယာတွေက သုံးသပ်ရေးသားခဲ့ကြ ပါတယ်။
Photo-Reuters











