DVB Logo
Home
နိုင်ငံတကာ
ရုရှား ဒေသန္တရရွေးကောက်ပွဲ အစစ်အမှန်မဟုတ်ဟု စောင့်ကြည့်လေ့လာသူများ ပြော
DVB
·
September 11, 2023
ရုရှား ဒေသန္တရရွေးကောက်ပွဲ အစစ်အမှန်မဟုတ်ဟု စောင့်ကြည့်လေ့လာသူများ ပြော
Donate to DVB

ရုရှားရဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေဟာ ရွေးကောက်ပွဲအစစ်တွေ မဟုတ်ဘူးလို့ ရုရှား ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအုပ်စုက စက်တင်ဘာ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။ ဒီအုပ်စုကို ရုရှားအစိုးရက နိုင်ငံခြားသူလျှိုအဖွဲ့လို့ ကြေညာထားတာပါ။

ရုရှားရဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာ မဲလိမ်ထားတာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်လို့ ဂိုးလို့စ်အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ စတာနီစလာ့ဗ် အန်ဒရီချုခ်က ပြောပါတယ်။

မဲရလဒ်ကိုလိမ်ဖို့ အထောက်အကူဖြစ်စေတဲ့ နည်းလမ်းလို့ ဝေဖန်သူတွေက ပြောနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ အလေ့အထ ကျင့်ထုံးအသစ်တွေကို ရုရှားအစိုးရက တိုးချဲ့လုပ်ဆောင်နေတယ်လို့ သူက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

တချို့ဒေသတွေမှာ ရက်အတော်ကြာ မဲပေးနေကြလို့ လေ့လာစောင့်ကြည့်သူတွေ ကျဲပါးစေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ တခြားလူတွေကို အွန်လိုင်းကနေ မဲပေးတဲ့ အစီအစဉ်မှာ တာဝန်ချမှာဖြစ်လို့ ဒီလုပ်ရပ်ဟာ ရုရှားအောက်လွှတ်တော်အတွက် ၂၀၂၁ ရွေးကောက်ပွဲမှာ ရုရှားမဲတွေကို တရားမဝင် ပိုရအောင်လုပ်ရာမှာ သုံးခဲ့တဲ့ နည်းလမ်းလို့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲထားပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ကတော့ အတိုက်အခံ ကိုယ်စားလှယ်တွေ ထိန်းသိမ်းခံရတာနဲ့ သူတို့ရဲ့ကားတွေ ရမ်းကားဖျက်ဆီးခံရတာတွေနဲ့ ပတ်သက်တဲ့သတင်းတွေ ရထားတယ်လို့ အန်ဒရီချုခ်က ပြောပါတယ်။

ရုရှားမှာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ ဒေသန္တရနဲ့ ဒေသခံ ရွေးကောက်ပွဲတွေကို စက်တင်ဘာ ၈ ရက်ကစပြီး ၃ ရက်ကြာ မဲပေးနေပါပြီ။ ဒါဟာ သမ္မတ ဗလာဒီမာ ပူတင်ကို ယုံကြည်တဲ့ မဲအဖြစ် အာဏာပိုင်တွေက အဓိပ္ပာယ် ဖွင့်ဆိုနေပါတယ်။

ရုရှားက သူ့ပိုင်နက်အဖြစ် မနှစ်က စက်တင်ဘာမှာ တဖက်သတ် ကြေညာထားတဲ့ ယူကရိန်းရဲ့ ဒန်ညက်စ်၊ လူဟန့်စ်ခ်၊ ဇာပိုရစ်ချ်ဇီယာနဲ့ ခါဆွန်ဒေသတွေမှာလည်း ရုရှားက ခန့်အပ်ထားတဲ့ အာဏာပိုင်တွေက မဲပေးပွဲတွေ ကျင်းပခဲ့ပြီး ယူကရိန်းနဲ့ မဟာမိတ်တွေက ဒီရွေးကောက်ပွဲတွေကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013