DVB Logo
Home
မြန်မာသတင်း
စာနယ်ဇင်းကောင်စီကို အသိအမှတ်ပြုပြီး ကြားခံဖြေရှင်းပေးရန် သမ္မတနှင့်ကောင်စီ သဘောတူ
DVB
·
August 1, 2014
စာနယ်ဇင်းကောင်စီကို အသိအမှတ်ပြုပြီး ကြားခံဖြေရှင်းပေးရန် သမ္မတနှင့်ကောင်စီ သဘောတူ
1 / 5
Donate to DVB

အစိုးရအဖွဲ့အနေနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ကို အသိအမှတ်ပြုပြီး မီဒီယာနဲ့ ပတ်သက်လို့ ဘယ်ကိစ္စပဲဖြစ်ဖြစ် စာနယ်ဇင်းကောင်စီက ကြားခံအဖြစ် ဖြေရှင်းပေးဖို့ သမ္မတနဲ့ကောင်စီတို့ နှစ်ဘက်သဘောတူညီမှု ရခဲ့ကြတယ်လို့ ကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

IMG_9918 copyသြဂုတ် ၁ ရက်နေပြည်တော်ရှိ သမ္မတလယ်တောအိမ် မှာ သမ္မတဦးသိန်းစိန်နဲ့ စာနယ်ဇင်း ကောင်စီ တို့ တွေ့ဆုံမှုအပြီး အခုလို သဘောတူညီချက် ရရှိခဲ့တာပါ။

ဦးကျော်မင်းဆွေက “ဒီလို ပြဿ နာတွေ ကြုံတဲ့ဟာကို နောင်မှာ ဒီလို မဖြစ်အောင်၊ မကြုံရအောင် ဖြစ်ရတဲ့ ပြဿ နာ တွေကို အကြောင်းအရင်းရှာလိုက်တဲ့ အခါမှာ ကောင်စီကို ကြားခံအဖြစ် မခံတဲ့အတွက် ဖြစ်ရတာပေါ့နော်။ တချို့ဟာတွေကတော့ တပ်ထားတဲ့ ပုဒ်မအရတော့ လွယ်တော့ မလွယ်ဘူး။ သို့သော် ဒီလောက်အထိ အခြေအနေ IMG_9898 copyဆိုးမသွားနိုင်ဘူး လို့ ကောင်စီဘက်က တင်ပြတာ။ အဲဒီတော့ အဓိက ကြားခံအနေ ဖျန်ဖြေရေးအဖွဲ့နဲ့ သမ္မတကစပြီးတော့ အစိုးရအဖွဲ့ တခုလုံးက အသိအမှတ် ပြု ပေးဖို့၊ ကူညီပေးဖို့ ဘယ်ကိစ္စပဲဖြစ်ဖြစ် မီဒီယာလောကထဲမှာ ပြဿ နာ ကြုံလာလို့ရှိရင် စာနယ်ဇင်း ကောင်စီ ကို အရင်ဆုံး အသိပေးပြီးတော့ စာနယ်ဇင်းကောင်စီကတဆင့် အရင် ညှိနှိုင်းပြီးတော့မှ အဲဒီကနေ စာနယ်ဇင်းကောင်စီနဲ့ တခြား ပြဿ နာဖြစ်တဲ့ နယ်ပယ်နဲ့ သက်ဆိုင်တဲ့ ၀န်ကြီးဌာန တွေနဲ့ ညှိနှိုင်းဖြေရှင်းဖို့ သဘောတူညီချက်ရတယ်” လို့ ပြောပါတယ်။

ဒီသဘောတူညီ ချက်အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာစတဲ့ မဏ္ဍိုင်ကြီးလေး ရပ်ရဲ့ လေးပွင့် ဆိုင်ဆွေးနွေးမှုတွ မကြာခင် ပြုလုပ် သွားကြဖို့ သဘောတူခဲ့ကြပါတယ်။

IMG_9939 copyဒါ့အပြင် သမ္မတအနေ နဲ့ နှစ်ရှည်ထောင် ဒဏ်ချမှတ်ခံနေရတဲ့ မီဒီယာသမားတွေ မနစ်နာရအောင် သူ့လုပ်ပိုင်ခွင့်နဲ့ ဥပဒေဘောင်ထဲကနေ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးသွားဖို့ သဘောတူညီချက် ရခဲ့တယ်လို့ ဦးကျော်မင်းဆွေးက ပြောပါတယ်။

ဒီကနေ့ပဲ ဒုတိယ ပြန်ကြားရေး ၀န်ကြီး ကနေ ပြန် ကြားရေး ပြည်ထောင်စု ၀န်ကြီးအဖြစ် ကျမ်းသစာကျိန်ဆိုခဲ့တဲ့ ဦးရဲထွဋ်က ဒီဗွီဘီက စာနယ်ဇင်းကောင်စီက ကြားခံ အဖြစ် ဖြေ ရှင်းပေးရေး သဘောတူခဲ့တာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ သူက အခုလို ပြောပါတယ်။

“အဓိကအားဖြင့် စာနယ်ဇင်းကောင်စီကပဲ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားမှာပါ။ ဒီနေရာမှာ ပြဿ နာတခု ရှိတာက ကျနော်တို့က စာနယ်ဇင်းကောင်စီကို အစိုးရ ၀န်ကြီးဌာနတွေ အနေနဲ့ နောက်တခါ တသီးပုဂ္ဂလတွေ အနေနဲ့က စာနယ်ဇင်းကောင်စီကို ဘယ်လောက်ပဲ အားကိုး အားကိုး စာနယ်ဇင်းလောကသားများကိုယ်တိုင်က စာနယ်ဇင်း ကောင်စီရဲ့ တိုင်းကြားမှု ဖြေရှင်းရေး လုပ်ငန်းစဉ်ပေါ်မှာ အလေးမထားဘူး။ စာနယ်ဇင်းကောင်စီရဲ့ အခန်းကဏ္ဍကို အလေးမထားဘူးဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒီလို သူတို့က အလေးမထားဘူးဆိုရင် လူတွေကလည်း စာနယ်ဇင်းကောင်စီကို သွားမယ့်အစား တရားရုံးကို သွားဖို့ပဲ ရွေးချယ်တာမျိုးတွေ ဖြစ်လာနိုင်တာပေါ့။ ဒီဟာလေးကို လိုက်နာနိုင်ရင် ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။”

IMG_9985 copyအစိုးရက ယူနတီဂျာနယ်သတင်း သမားတွေ ကို နှစ်ရှည်ထောင် ဒဏ်ချမျတ်ခဲ့မှု အပါအ၀င် လတ်တလော ရဲသတင်းတပ်ဖွဲ့ရဲ့ မီဒီယာသမားတွေကို မကြာခဏခေါ်ယူ စစ်ဆေးတဲ့ လုပ်ရပ်တွေကြောင့် သမတနဲ့ မီဒီယာအကြား သဘောထားတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ကြပြီး စာနယ်ဇင်းကောင်စီရဲ့ တောင်းဆိုချက်ကြောင့် အခု တွေ့ဆုံမှု ပေါ်ပေါက်လာခဲ့တာပါ။

တွေ့ဆုံပွဲကို သမ္မတနဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီနဲ့ ပြန်ကြားရေးဝန်ကြီးသစ် ဦးရဲထွဋ်တို့ တက်ရောက်ခဲ့ကြပြီး စာနယ်ဇင်းကောင်စီဘက်က ဒုဥက္ကဋ္ဌ ဦးဖိုးသောကြာ၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါ်နန်းကလျာဝင်း၊ အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဖေမြင့်၊ ဦးသီဟစော၊ ဦးခင်မောင်ဌေး၊ ဦးရဲမင်းဦးနဲ့ ဦးဇော်သက်ထွေးတို့ တက်ရောက်ခဲ့ကြပါတယ်။

သမ္မတဖွဲ့စည်းပေးထားတဲ့ စာနယ်ဇင်းကောင်စိနဲ့ သမ္မတတို့ ဒုတိယအကြိမ်တွေ့ဆုံကြတာဖြစ်ပြီး ကောင်စီသက်တမ်း ၁ နှစ်ပြည့်ချိန်က ပထမအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013