DVB Logo
Home
Lead Story
ကျောက်ဖြူဇုန် ရင်းနှီးမြှုပ်နှံမည့်သူများကို EOI တင်သွင်းရန် ဖိတ်ခေါ်
DVB
·
August 1, 2014
ကျောက်ဖြူဇုန် ရင်းနှီးမြှုပ်နှံမည့်သူများကို EOI တင်သွင်းရန် ဖိတ်ခေါ်
Donate to DVB

Kyauk Phyu2ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနဲ့ စိစစ်ရွေးချယ်ရေး ကော်မတီဟာ စီမံကိန်း ၃ ခုအတွက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်မယ့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ဝင်စားမှု ဖော်ပြလွှာ EOI တင်သွင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အစိုးရပိုင် သတင်းစာတွေကနေတဆင့် ဒီကနေ့ ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး အဆိုပြုလွှာကို သြဂုတ် ၂၅ ရက်နေ့ မတိုင်ခင် တင်သွင်းရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရဲ့ မဟာစီမံချက်ထဲမှာ ရေနက်ဆိပ်ကမ်းစီမံချက်၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး စီမံကိန်း၊ လူနေအဆောက်အဦနဲ့ အခြေခံအဆောက်အဦ စီမံကိန်းတွေ ပါဝင်ပါတယ်။

လက်ရှိ ရင်းနှီးမြှုပ်နှံသူတွေကို တင်ဒါခေါ်ယူနိုင်ရေး စင်ကာပူနိုင်ငံ အခြေစိုက် CPG အကြံပေးကုမ္ပဏီကို ငှားရမ်းထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013