DVB Logo
Home
နိုင်ငံတကာ
မော်ရိုကို ငလျင် သေဆုံးသူ ၂၀၀၀ ကျော်အထိ ရှိလာ
DVB
·
September 10, 2023
မော်ရိုကို ငလျင် သေဆုံးသူ ၂၀၀၀ ကျော်အထိ ရှိလာ
Donate to DVB

မော်ရိုကိုနိုင်ငံတွင် သောကြာနေ့ညက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေမှာ ၂၀၁၂ ဦးအထိ မြင့်တက်လာပြီး လူ ၂၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၉ ရက်က  နောက်ဆုံး သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူ ၂,၀၅၉ ဦးအနက် ၁၄၀၄ ဦး ဒဏ်ရာပြင်းထန်တယ် လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မေရာကက်ရှ်မြို့ရဲ့ အနောက်တောင်ဘက် ၇၀ ကီလိုမီတာအကွာ အယ်လ်ဟောက်ဇ်ပြည်နယ်က အေးလ်လီ မြို့နားကို ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာပါ။

မော်ရိုကို ကျန်းမာရေးအာဏာပိုင်တွေရဲ့ အရေးပေါ်ခေါ်ဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ စနေနေ့ မွန်းလွဲ ပိုင်းမှာ သွေးလှူဖို့ လူရာပေါင်းများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြပါတယ်။ 

မော်ရိုကိုနိုင်ငံဟာ နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သုံးရက်ကြာ ကြေညာခဲ့ပြီး အများပြည်သူဆိုင်ရာ အဆောက်အအုံအားလုံးမှာ အလံတွေ တိုင်တဝက် လွှင့်တင်ခဲ့တယ်လို့ တော်ဝင်နန်းတော်က စနေနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရနိုင်သမျှ အရပ်ဘက်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေး အရင်းအမြစ်တွေ အားလုံးကို စုစည်းပြီးပြီလို့ မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။

မော်ရိုကို တော်ဝင်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ငလျင်ဒဏ်သင့် ဒေသတွေကို ထောက်ပံ့ကူညီဖို့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့တွေ၊ ရဟတ်ယာဉ်တွေ ဒရုန်းတွေ၊ ဆောက်လုပ်ရေး ယာဉ်တွေ၊ ထောက်ပံ့ပို့ဆောင်ရေးစင်တာတွေ ဆေးရုံတွေကို စီစဉ်ပေးခဲ့ပါတယ်။ 

အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် မော်ရိုကိုလခြမ်းနီအသင်းရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဖို့ အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ အဖြစ် ငွေသားအမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ပေးဖို့ တရုတ်ကြက်ခြေနီအသင်းက စနေနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ 

တူနီးရှားက မော်ရိုကိုကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဆောင်ဖို့ လေပိုင်နက်ဖွင့်ပေးထားသလို အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ကလည်း လေကြောင်း ကယ်ဆယ်ရေး လမ်းကြောင်းတွေ ဖွင့်ထားတယ်၊ မော်ရိုကို  နိုင်ငံဆီကို အရပ်ဘက်ကာကွယ်ရေး အဖွဲ့တွေ စေလွှတ်ထားတယ်လို့ စနေနေ့က ကြေညာခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013