DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်အဲဝေးပေါ်တွင် မြန်မာတဦး အသက်ရှူကြပ်သဖြင့် အရေးပေါ်ဆင်းသက်
DVB
·
August 1, 2014
ဘန်ကောက်အဲဝေးပေါ်တွင်  မြန်မာတဦး အသက်ရှူကြပ်သဖြင့် အရေးပေါ်ဆင်းသက်
Donate to DVB

ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်းက မန္တလေးကနေ ထိုင်းနိုင်ငံ ဘန်ကောက်ကို သွားမယ့် ဘန်ကောက် အဲဝေးလေယာဉ် TG 710 ပေါ်မှာ မြန်မာခရီးသည်တဦး ရုတ်တရက် အသက်ရှူကြပ်ပြီး မေ့မျောသွားတဲ့အတွက် ချင်းမိုင်လေဆိပ်မှာ အရေးပေါ် ဆင်းသက်လိုက်ရ တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

Myanmar Dead Plaineခရီးသည်ရှော့ခ်ဖြစ်ဖြစ်ခြင်း လောယာဉ်ဝန်ထမ်းတွေက ကပ္ပတိန်နဲ့တကွ ချင်းမိုင် လေဆိပ်က အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်ခဲ့ကြောင်း၊ လေဆိပ်ရောက်တော့ ကယ်ဆယ်ရေးဝန်ထမ်းတွေက လေဆိပ်နဲ့အနီးဆုံး ကလိုက်မော် ဆေးရုံကို ပို့ခဲ့ပေမယ့် အသက်မမီတော့ဘဲ သေဆုံးသွားကြောင်း၊ သေဆုံးရခြင်းအကြောင်းကို ထပ်မံစစ်ဆေးဖို့ မဟာရတ်ခ်ျ (ဆွန်တောက်) ဆေးရုံကို ဆက်လက်ပို့ဆောင်ထားတယ်လို့ လေယာဉ်ဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။

လေယာဉ်ပေါ် အသက်ရှုကြပ်ပြီး သေဆုံးခဲ့သူဟာ အသက် ၂၇ နှစ်ရှိ ကျော်စိုးလှိုင် ဆိုသူ ဖြစ်ပြီး အင်ဂျင်နီယာတဦးဖြစ်ကြောင်း၊ အင်္ဂလန်နိုင်ငံ ပုဂ္ဂလိကကုမ္ပဏီတခုမှာ အလုပ်လုပ်နေပြီး ပြီးခဲ့တဲ့ ဇွန်လကမှ မန္တလေးမှာ ရှိတဲ့ မိသားစုနဲ့အတူ နေထိုင်ဖို့ ခွင့် ၃ လ ယူပြီး ပြန်လာတာလို့ လေယာဉ်ပေါ်အတူလိုက်လာသူ မိခင်ဖြစ်သူက သတင်းထောက်တွေကို ပြောပါတယ်။

မိခင်ဖြစ်သူက ဆက်လက်ပြောပြရာမှာ သားဖြစ်သူမှာ ၀ဖြိုးသူ ဖြစ်ပြီး နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါအခံ ရှိကြောင်း၊ အိမ်မှာရောက်နေတဲ့အတောအတွင်း မကြာခဏအသက်ရှူကြပ်တယ်လို့ ပြောတဲ့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ လာပြီး ကျန်းမာရေးဆေးစစ်ဖို့ ဇူလိုင်လ ၃၀ ရက်နေ့က ထွက်ခွာခဲ့ရာမှာ လမ်းခုလပ်မှာတင် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

လက်ရှိ ကိုကျော်စိုးလှိုင်ရဲ့ အလောင်းကို ချင်းမိုင်မဟာရတ်ခ်ျဆေးရုံ အအေးတိုက်မှာ ထားရှိပြီး မိဘတို့ ဆန္ဒအရ နေရပ်မှာ ပြန်ပြီးသင်္ဂြိုဟ်လိုတဲ့အတွက် လေကြောင်းလိုင်းရဲ့ စီစဉ်ပေးချက်ကို စောင့်ဆိုင်းနေတယ်လို့ ဖခင်ဖြစ်သူက ပြောကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013