DVB Logo
Home
နိုင်ငံတကာ
G-20 အစည်းအဝေး တရုတ်သမ္မတ မပါသော်လည်း အဆင်ပြေဟု အမေရိကန်သမ္မတ ပြော
DVB
·
September 10, 2023
G-20 အစည်းအဝေး တရုတ်သမ္မတ မပါသော်လည်း အဆင်ပြေဟု အမေရိကန်သမ္မတ ပြော
Donate to DVB

အိန္ဒိယနိုင်ငံမှာ ပြုလုပ်ကျင်းပနေတဲ့ G20 ထိပ်သီးအစည်းအဝေးအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် ရဲ့  ပါဝင်မှုမရှိပေမဲ့လည်း အဆင်ပြေပါတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ စက်တင်ဘာ ၉ ရက်က ပြောကြားသွားပါတယ်။ 

ဒီအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် က တက်ရောက်မှုမရှိဘဲ ဝန်ကြီးချုပ်ဖြစ်တဲ့ လီချန်းကိုသာ အစားထိုးစေလွှတ်ခဲ့တာပါ။ 

တဖက်မှာလည်း ရုရုားနိုင်ငံရဲ့ ဗလာဒီမာ ပူတင်အနေနဲ့ ပျက်ကွက်ခဲ့တာကြောင့် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဆာဂျီ လာရော့ဗ်က ကိုယ်စားပြု တက်ရောက်လာခဲ့ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ စနေနေ့အတွင်း G20 အစည်းအဝေးရဲ့ သဘောတူညီမှုဆိုင်ရာ ကြေညာချက် တခု ကို အတည်ပြုနိုင်ခဲ့ပါတယ်။ 

အဲဒီထဲမှာ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကို ပြစ်တင်ဝေဖန်တာမျိုး ရှောင်ကြဉ်ဖို့အတွက် ပါဝင်သလို နယ်မြေသိမ်းပိုက်ရာမှာလည်း အင်အားအသုံးပြုတာမျိုး မလုပ်ကြဖို့အတွက် ကမ္ဘာ့နိုင်ငံ အားလုံးကို တောင်းဆိုခဲ့ပါတယ်။ 

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး G20 အဖွဲ့အတွင်း ကွဲလွဲမှုတွေ နက်ရှိုင်းစွာ ဖြစ်ပေါ်နေတာကြောင့် အခုလို အားလုံးရဲ့ သဘောတူညီမှု ရရှိခဲ့တာက အံ့အား သင့်စရာ ဖြစ်လာခဲ့ပါတယ်။

အစောပိုင်းတုန်းက ဒီခေါင်းဆောင်တွေရဲ့  ကြေညာချက်ထဲမှာ ရုရှားအပေါ် အပြင်းအထန် ရှုတ်ချဖို့ အတွက် အနောက်နိုင်ငံတွေအနေနဲ့ ဖိအားပေးခဲ့ပါသေးတယ်။ 

ဒါပေမယ့်လည်း တခြားနိုင်ငံတွေကတော့ ပိုမို ကျယ်ပြန်တဲ့ စီပွားရေးဆိုင်ရာ ကိစ္စရပ်တွေကိုသာ အာရုံစိုက်ကြဖို့အတွက် လိုလားခဲ့ကြောင်း သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013