DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့ သီးခြားတွေ့ဆုံ
DVB
·
September 9, 2023
အမေရိကန်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့ သီးခြားတွေ့ဆုံ
Donate to DVB

G-20 ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိလာခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဟာ အိန္ဒိယဝန်ကြီးချုပ် နိရိန္ဒြာ မိုဒီ နဲ့ စက်တင်ဘာ ၈ ရက်က သီးခြားတွေ့ဆုံခဲ့ပါတယ်။ 

စက်တင်ဘာ ၉ ရက်ကနေ ၁၀ ရက် အထိ ၂ ရက်တာ ဆွေးနွေးသွားကြမယ့် ဒီအစည်းအဝေးကို နယူးဒေလီမြို့မှာ ကျင်းပပြုလုပ်လျက် ရှိပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လတုန်းက အိန္ဒိယနိုင်ငံ့ခေါင်းဆောင်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း မိုဒီ နဲ့ ဘိုင်ဒင် တို့ နောက်ဆုံးတွေ့ဆုံခဲ့ကြတာ ဖြစ်ပါ တယ်။ 

အဲ့ဒီခရီးစဉ်အတွင်း ရရှိလာခဲ့တဲ့ သဘောတူညီမှုများစွာနဲ့ ပက်သက်ပြီး တိုးတက်မှုတွေကို ဒီခေါင်းဆောင် ၂ ဦးအကြား ဆွေးနွေးနိုင်တယ်လို့ မျှော်မှန်းထားကြပါတယ်။ 

ဒီသဘောတူညီမှုအရ အိန္ဒိယနိုင်ငံမှာ ဂျန်နရယ် အီလက်ထရစ် ကုမ္ပဏီရဲ့ ဂျက်အင်ဂျင်တွေကို ထုတ်လုပ်ခွင့်ပေးရမယ့် အချက်ပါဝင်ပြီး အပြန်အလှန်အားဖြင့် အိန္ဒိယလေတပ် အတွက် စွမ်းအင် ဖြည့်တင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

အခုလို သီးခြားတွေ့ဆုံရာမှာ အမေရိကန်နိုင်ငံဘက်က ဘဏ္ဍာရေးဝန်ကြီးနဲ့  အမျိုးသားလုံခြုံရေး အကြံပေးတို့ ပါဝင်ခဲ့သလို အိန္ဒိယနိုင်ငံဘက်ကလည်း နိုင်ငံခြားရေးဝန်ကြီးနဲ့ လုံခြုံရေး အကြံပေး ဖြစ်သူတို့ တက်ရောက်လာခဲ့ကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013