DVB Logo
Home
အားကစား
ဘရာဇီးအသင်းအတွက် သွင်းဂိုးအများဆုံး ပီလီကို နေမာ ကျော်ဖြတ်
DVB
·
September 9, 2023
ဘရာဇီးအသင်းအတွက် သွင်းဂိုးအများဆုံး ပီလီကို နေမာ ကျော်ဖြတ်
Donate to DVB

တိုက်စစ်မှူး နေမာဂျူနီယာဟာ စက်တင်ဘာ ၉ ဒီနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ဘိုလီးဗီးယားနဲ့ပွဲမှာ ဘရာဇီးအသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဘရာဇီး လက်ရွေးစင်အသင်း သမိုင်းတလျှောက် သွင်းဂိုးအများဆုံးကစားသမား ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့ပါတယ်။

ဂန္တဝင် တိုက်စစ်မှူး ပီလီဟာ ဘရာဇီးအသင်းအတွက် ၁၉၅၇ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အတွင်း ၇၇ ဂိုးသွင်းယူ စံချိန်တင်ခဲ့တာဖြစ်ပြီး နေမာကတော့ ၇၉ ဂိုး ဖြစ်လာတာပါ။

ဘရာဇီးအသင်းဟာ ဒီနေ့မနက်ပိုင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘိုလီးဗီးယားကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး နေမာက ၂ ဂိုးသွင်းယူပြီးနောက် ပီလီရဲ့ အောင်ပွဲခံဟန်အတိုင်း လေထဲမှာ လက်သီးထိုးပြီး အောင်ပွဲခံခဲ့ပါတယ်။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်နယ်ဒိုရိုဒရီဂွက်ဇ်က ပွဲအပြီးမှာ ဘရာဇီးလက်ရွေးစင် ဂိုးအများဆုံး တံဆိပ်ပါတဲ့ကမ္ပည်းပြားကို ပေးအပ်ခဲ့ပါတယ်။

ဆော်ဒီကလပ် အယ်လ်ဟီလယ် နေမာက ပွဲအပြီးမှာ "ကျနော်အရမ်းပျော်ပါတယ် ဒီအတွက်ကျနော့်မှာ ပြောစရာစကားတောင်မရှိပါဘူး။ ဒီစံချိန်ကိုရောက်မယ်လို့လည်း မထင်ခဲ့ပါဘူး။ ဒီစံချိန်က ကျနော် ပီလီထက်ရော တခြား နိုင်ငံလက်ရွေးစင် ကစားသမားတွေထက်ရော ပိုကောင်းတယ်လို့မထင်ပါဘူး။ ကျနော် နိုင်ငံအသင်းအတွက် ဂိုးအများဆုံးသူဖြစ်ချင်ခဲ့ပြီး ဒီနေ့တော့ ကျနော်လုပ်နိုင်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ ပါတယ်။

ဘရာဇီးနည်းပြအသစ် ဖာနန်ဒိုဒင်နိဇ်ကလည်း နေမာဟာ သူရဲကောင်းတယောက်ဖြစ်ပြီး ကျနော့်အသင်းရဲ့ အနာဂတ်လည်းဖြစ်တယ် လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ပီလီဟာ အသက် ၈၂ နှစ်အရွယ်၊ ၂၀၂၂ နှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့က ဘရာဇီးနိုင်ငံ ဆာအိုပေါလိုမြို့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

Photo. Neymar Instagram

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013