DVB Logo
Home
အားကစား
ယူကရိန်းနှင့်ပွဲတွင် ဟန်ဒါဆန်ကို  အင်္ဂလန်ပရိသတ်တချို့ဆန္ဒပြမည်
DVB
·
September 9, 2023
ယူကရိန်းနှင့်ပွဲတွင် ဟန်ဒါဆန်ကို  အင်္ဂလန်ပရိသတ်တချို့ဆန္ဒပြမည်
Donate to DVB

အင်္ဂလန်ပရိသတ်တချို့ဟာ ယူကရိန်းနဲ့ ခြေစစ်ပွဲစဉ်မှာ ကွင်းလယ်ကစားသမား ဟန်ဒါဆန်ပါဝင်ကစားမယ်ဆိုရင် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသွားဖို့ရှိပါတယ်။

ဟန်ဒါဆန်ဟာ လီဗာပူး အသင်းကနေ ဆော်ဒီကလပ် အယ်လ်အစ်တီဖက်အသင်းဆီကို တစ်ပတ်လုပ်ခပေါင် ၇ သိန်း နဲ့ ပြောင်းရွှေ့ကစားနေတာပါ။

လူ့အခွင့်ရေးချိုးဖောက်မူတွေရှိနေတဲ့ ဆော်ဒီလိုနိုင်ငံမှာ သွားရောက်ကစားတာက အင်္ဂလန်ပရိ သတ်တွေအတွက် လက်မခံနိုင်စရာဖြစ်နေတာပါ။

အထူးသဖြင့် ဆော်ဒီနိုင်ငံမှာ လိင်တူဆက်ဆံတာဟာ ပြစ်မှုမြောက်ပြီး သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေရှိနေတဲ့အပေါ် လိင်တူချစ်သူနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ဟန်ဒါဆန်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာပါ။

ယူကရိန်းနဲ့ပွဲမှာ ဟန်ဒါဆန် ပါဝင်ကစားမယ်ဆိုရင် ပွဲကြည့်စင်ပေါ်ကနေ ကျောပေးပြီး ဆန့်ကျင်ကန့်ကွက်မှု လုပ်ဆောင်သွားဖို့ အင်္ဂလန်ပရိသတ်တချို့က စီစဉ်ထားကြပါတယ်။

အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၉ ရက်၊ ဒီကနေ့ည ၁၀ နာရီခွဲအချိန်မှာ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်အဖြစ် ယူကရိန်းအသင်းနဲ့ ပိုလန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013