DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံက အာကာသထဲ ဂြိုဟ်တုလွှတ်တင်ရန် စီစဥ်နေ
DVB
·
September 8, 2023
ထိုင်းနိုင်ငံက အာကာသထဲ ဂြိုဟ်တုလွှတ်တင်ရန် စီစဥ်နေ
Donate to DVB

ထိုင်းနိုင်ငံဟာ ကမ္ဘာ့မြေစူးစမ်းလေ့လာရေးမစ်ရှင် လုပ်ဆောင်ဖို့အတွက် အာကာသထဲကို Thailand Earth Observation Satellite 2 (Theos 2) ဂြိုဟ်တုကို အောက်တိုဘာလထဲမှာ လွှတ်တင်ဖို့ စီစဥ်ထားတယ်လို့ The Straits Times  သတင်းစာမှာ စက်တင်ဘာ ၇ ​ရက်က ဖော်ပြထားပါတယ်။

ပြင်သစ်နိုင်ငံ တူးလော့စ်မြို့မှာ Theos 2 ဂြိုဟ်တု တီထွင်ပြီး အောင်မြင်စွာ စမ်းသပ်ပြီးနောက် တောင်အမေရိက ဖရန့်ဂွါနီရားနားရှိ ဥရောပအာကာသဆိပ်ကမ်းကို အောင်မြင်စွာ လွှဲပြောင်းပေးခဲ့ပါတယ်။ အဆိုပါဂြိုဟ်တုကို အောက်တိုဘာလမှာ အာကာသထဲ လွှတ်တင်သွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ပထမဆုံး​ဂြိုဟ်တု Theos 1 ကို ၂၀၀၈ အောက်တိုဘာ ၁ ရက်က လွှတ်တင်ခဲ့ပြီး သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် နောက်ထပ် ဂြိုဟ်တုတလုံးဖြစ်တဲ့ Theos 2 ကို ထပ်မံလွှတ်တင်သွားမှာ ဖြစ်ပါတယ်။

Theos 2 ကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အာကာသနည်းပညာနဲ့ ပထဝီဝင် သတင်းအချက်အလက်ဆိုင်ရာ တိုးတက်မှုနဲ့ အသုံးချသွားမှာ ဖြစ်ပါတယ်။

၄၂၅ ကီလိုဂရမ်ရှိတဲ့ Theos 2 ဂြိုဟ်တုဟာ နိုင်ငံအတွင်းနဲ့ ပြင်ပ ပထဝီဝင်ဆိုင်ရာ စောင့်ကြည့်မှုတွေအတွက် ဒီဇိုင်းထုတ်ထားပြီး ၅၀ စင်တီမီတာရှိတဲ့ spatial resolution နဲ့ ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ပါတယ်။

Theos 2 ဂြိုဟ်တု လွှတ်တင်မှုကြောင့် မြေပုံဆွဲတာ၊ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေး၊ ပေါင်းစပ်ရေ စီမံခန့်ခွဲမှု၊ သဘာဝဘေးအန္တရာယ်နဲ့ ပထဝီဝင်အန္တရာယ် စီမံခန့်ခွဲမှု၊ မြို့ပြနဲ့ စီးပွားရေးစင်္ကြံ စီမံကိန်း၊ သဘာဝသယံဇာတနဲ့ ဂေဟစနစ် စတဲ့ အရေးကြီးနယ်ပယ် ခြောက်ခုမှာရှိတဲ့ ဝန်ဆောင်မှုတွေကို တိုးမြှင့်ပေးနိုင်တော့မှာဖြစ်တယ်လို့ စင်ကာပူသတင်းစာမှာ ဖော်ပြထားပါတယ်။

Source/Photo-The Straits Times

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013