DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ်၊ ရင်းငြိမ်ရဲကင်းစခန်းနှင့် ကမမောင်း ထွေအုပ်ရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရ  
DVB
·
September 8, 2023
ပေါင်မြို့နယ်၊ ရင်းငြိမ်ရဲကင်းစခန်းနှင့် ကမမောင်း ထွေအုပ်ရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရ  
Donate to DVB

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ စစ်ကောင်စီ ရဲကင်းစခန်းတခု စက်တင်ဘာ ၇ ရက် ညနေက ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ဗုံးသီးတချို့ ရဲကင်းအတွင်း ကျရောက်ပေါက်ကွဲတာတွ်ရှိပေမဲ့ ထိခိုက်သေဆုံးတာနဲ့ ပျက်စီးမှုအသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။  

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ညနေ ၄ နာရီနဲ့  ၄ နာရီခွဲလောက်မှာ ရင်းငြိမ်ရဲကင်းစခန်းမြောက်ဘက် ၃ ဖာလုံခန့်အကွာ တောင်ကုန်းပေါ်ကနေ ရှော့တိုက်ဒရုန်း တလုံးနဲ့ လက်နက်ငယ် ၆ ချက် ပစ်ခတ်ပြီး  နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့တာပါ။  

ရဲကင်းစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့  ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်ကလည်း ပေါင်မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းကို တော်လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။  

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ မောင်းသူမဲ့ဒရုန်း အသုံးပြုမှုတွေဟာ အနာဂတ်မှာ စိန်ခေါ်မှုတရပ်ဖြစ်လာတယ်လို့ သြဂုတ် ၂၁ ရက်နေ့မှာ ဝန်ခံပြောဆိုထားပါတယ်။  

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကမမောင်းမြို့မှာလည်း မြို့ရဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးပေါ်ကို စက်တင်ဘာ ၇ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်က ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

ကမမောင်းမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးပေါ်ကို Drop Bomb ၄ လုံးကျရောက်ခဲ့ရာ ၃ လုံးပေါက်ကွဲခဲ့ပြီး ၁ လုံးပေါက်ကွဲခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဗုံး ၃ လုံးဟာ ကမမောင်း ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းဝေးလုပ်နေစဉ် ရုံးရှေ့တည့်တည့် ၁ လုံး၊ အလံတိုင်ရှေ့တည့်တည့် ၁ လုံး၊ ကျောင်းနဲ့ ရုံးကြား ၁ လုံး ကျရောက် ပေါက်ကွဲခဲ့တာပါ။

ဗုံးထိမှန်တာကြောင့် အစည်းအဝေးတက်ရောက်နေတဲ့ ဖာပွန်မြို့ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမင်း နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်

အခုလို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး  ဒရုန်းတပ်ဖွဲ့ဝင်တွေဘက်ကထုတ်ဖော်ပြောဆိုထားတာမရှိ သေးပါဘူး။

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုတွေ မိမိတို့သက်ဆိုင်ရာ ရုံးဌာန၊ ရုံးခန်းတွေနဲ့  ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာဖယ်ရှားပေးထားကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နဲ့ ကော်ဘရာစစ်ကြောင်း စီမံခန့်ခွဲမှုလက်အောက်ခံ Federal Wings တပ်ဖွဲ့က သတိပေးထားပါတယ်။

ဒရုန်းတိုက်ခိုက်မှုဟာ တိကျမှုရှိပေမဲ့ မလိုလားအပ်တဲ့ ဘေးထွက်ထိခိုက်တွေ ရှောင်ရှားဖို့အတွက်  မိဘပြည်သူတွေအနေနဲ့  စစ်ကောင်စီတပ်စွဲထားတဲ့ ရုံးတွေ၊ တပ်စခန်းတွေနဲ့ ဝေးရာအရပ်မှာ ရွှေ့ပြောင်းနေထိုင်ပေးကြဖို့  Fedral Wings က အထူး မေတ္တာရပ်ခံ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013