
အမေရိကန်ပြည်ထောင်စုဟာ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေရဲ့ အမည်အောက်မှာ နိုင်ငံခြားမြေပေါ်မှာ ဇီဝဆိုင်ရာ စစ်ရေးလှုပ်ရှားမှုပူးပေါင်းဆောင်ရွက်တာကို တက်ကြွစွာ လုပ်ဆောင်နေပြီး ယူကရိန်းဟာ ဇီဝလုံခြုံရေး အစီအစဉ်မှာ အထူးအဆင့်အတန်းတခု ရှိနေကြောင်း ရုရှားဗိုလ်ချုပ်ကြီးတဦးက စက်တင်ဘာ ၆ ရက်မှာ ပြောပါတယ်။
ရုရှားကရရှိထားတဲ့ မှတ်တမ်း အထောက်အထားတွေအရ ၂၀၁၆ ခုနှစ်ကတည်းက ဇီဝလုံခြုံရေးဆောင်ရွက်မှု အစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အခန်းကဏ္ဍကို သက်သေပြနေပြီး အကျိုးအမြတ်မယူတဲ့၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ တမျိုးတည်းအတွက် အနည်းဆုံး အမေရိကန် ဒေါ်လာ သန်း ၄၀ ရန်ပုံငွေ ခွဲဝေပေးထားတယ်လို့ ရုရှားစစ်တပ်ရဲ့ ဓာတ်ရောင်ခြည်၊ ဓာတုနဲ့ ဇီဝဗေဒ ကာကွယ်ရေးတပ်များ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီလို့ဗ် က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေ ပြုလုပ်နေပြီး အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဇီဝဗေဒဆိုင်ရာ ထိန်းချုပ်မှုကို ထူထောင်နေတာဖြစ်ကြောင်း ကီရီလို့ဗ်က အလေးပေး ပြောကြားခဲ့ပါတယ်။
ရရှိပြီးသား အချက်အလက်တွေအရ နိုင်ငံပေါင်း ၃၀ ရဲ့ ဇီဝဓာတ်ခွဲခန်း ၃၃၆ ခုဟာ အမေရိကန်တွေ လက်ထဲမှာရှိနေပြီး ကမ္ဘာတဝန်း ဇီဝဗေဒဆိုင်ရာ စစ်ရေးဆောင်ရွက်ချက် အများဆုံးနိုင်ငံ ဖြစ်လာစေတယ်လို့ ကီရီလို့ဗ်က အမေရိကန်ရဲ့ စစ်ရေးဇီဝဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစည်းအဝေးမှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံတခုတည်းမှာပဲ အမေရိကန်ဟာ နိုင်ငံတဝန်း ဓာတ်ခွဲခန်းပေါင်း ၅၀ ကျော် ထူထောင်ထားကြောင်းလည်း ရုရှားစာရင်းဇယားတွေအရ သိရပါတယ်။
Source/Photo-Reuters










