
ဘောလုံးဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ထူးချွန်နည်းပြတွေစေလွှတ်မဲ့ အစီအစဉ်ကို နည်းပြဟောင်း အာဆင် ဝင်းဂါးက ဦးဆောင်ပြီးလုပ်ဆောင်နေပါတယ်။
အာဆင်ဝင်းဂါးဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှာ ဘောလုံးဖွံ့ဖြိုးရေး အကြီးအကဲအဖြစ် တာဝန်ယူနေသူပါ။
ကမ္ဘာတဝန်းက ပရော်ဖက်ရှင်နယ်လမ်းကြောင်း ပျောက်ဆုံးနေတဲ့ ဘောလုံးဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် ရည်ရွယ်ပြီး လုပ်ဆောင်နေတာပါ။
ဒီအစီအစဉ်ဟာ ပေါင်သန်း ၁၆၀ ကုန်ကျမှာဖြစ်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံက ဘောလုံးအဖွဲ့ချုပ်တွေဆီကို ဖီဖာက ထူးချွန်နည်းပြတွေ စေလွှတ်မှာပါ။
ဖီဖာကနည်းပြတွေဟာ ရွေးချယ်ခံရမယ့် နိုင်ငံမှာ ၂ နှစ်ကြာတဲ့အထိ ဘောလုံးဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေရှည်အစီအစဉ်တွေကို လမ်းညွှန်သင်ကြာပေးသွားမှာဖြစ်ပါတယ်။
အသက် ၁၂ နှစ်ကနေ ၁၅ နှစ် အရွယ်ဘောလုံးသမားတွေကို အဓိကပစ်မှတ်ထားသင်ကြား မှာဖြစ်ပြီး အနာဂတ်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာတဲ့အထိ လမ်းညွှန်သွားမှာဖြစ်ကြောင်း ထူးချွန်နည်းပြအဖွဲ့ခေါင်းဆောင် ဂွန်ဇာလက်ဇ်က ပြောပါတယ်။
လတ်တလောအခြေအနေမှာတော့ အဲဒီအစီအစဉ်ကို ကာဂျစ္စတန်၊ ကော်စတာရီကာ၊ ဗင်နီဇွဲလား၊ ဘီနင်၊ တောင်အာဖရိက၊ ဖီဂျီနဲ့ ဖင်လန်နိုင်ငံတွေမှာ စတင်လုပ်ဆောင်နေတာ ၆ လလောက် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
Photo-Reuters










