DVB Logo
Home
နိုင်ငံတကာ
ချင်းမိုင်တွင် နိုင်ငံခြားသားများကို  စီမံချက်ချ လိုက်လံစစ်ဆေးနေ 
DVB
·
September 7, 2023
ချင်းမိုင်တွင် နိုင်ငံခြားသားများကို  စီမံချက်ချ လိုက်လံစစ်ဆေးနေ 
Donate to DVB

 

ထိုင်းနိုင်ငံမှာ ဝင်ရောက်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ တရားဥပဒေနဲ့ အညီ နေထိုင်ခြင်းရှိ၊ မရှိကို ထိုင်းရဲတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့  စီမံချက်ချပြီး လိုက်လံစစ်ဆေးနေတယ်လို့ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

ထိုင်းနိုင်ငံ ခရိုင်ပေါင်း ၁၇ ခုထဲမှာ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ ထိုင်းနယ်မြေကို အသုံးချပြီး တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေမှု၊ ထိုင်းနိုင်ငံသားတွေနဲ့ ပူးပေါင်းပြီး ဒုစရိုက်မှု ကျူးလွန်နေ မှုတွေကို စုံစမ်းဖော်ထုတ်နှိမ်နင်းဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဒမ်ရုန်းဆဒ် ကစ်သီပဖတ်က လက်အောက်ခံ လဝကရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့အသီးသီးကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

အဆိုပါညွှန်ကြားချက်အရ တိုင်းဒေသအမှတ် ၅ ရဲဌာနချုပ်အနေနဲ့ မိမိတာဝန်ယူထား့ နယ်မြေ ထဲမှာ  Lanna Force Check # 2  ဆိုတဲ့ စီမံချက်ချမှတ်ပြီး စက်တင်ဘာ ၆ ရက်မှ ၁၅ ရက်အထိ စစ်ဆေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

ချင်းမိုင်ခရိုင်နဲ့ မြို့နယ်  လဝကရဲတပ်ဖွဲ့၊ အမှတ် ၅ ရဲဌာနချုပ်၊ ချန့်ဖိုတ်နယ်မြေရဲစခန်း၊ မဲ့ပင်း နယ်မြေရဲစခန်း၊  ဖူးဖိင်းနယ်မြေရဲစခန်းက တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေ၊ ခရိုင်အုပ်ချုပ်ရေးရုံး၊ ခရိုင် အလုပ်သမားရုံးက တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ဟာ တစ်နေ့လျှင် အင်အား ၈၀ ဦးနဲ့  ဦးတည်ရာနေရာတွေကို လိုက်လံစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

အထူးသဖြင့် အစိုးရနဲ့ ပုဂ္ဂလိက ပညာသင်ကျောင်းတွေမှာ ပညာရေးဗီဇာနဲ့ နေထိုင်သူတွေ၊ ဖောင်ဒေးရှင်းနဲ့ အသင်းအဖွဲ့ထဲမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေဟာ မိမိ ရည်မှန်းချက်နဲ့အညီ နေထိုင်လုပ်ကိုင်နေခြင်း ရှိ၊ မရှိတွေ စစ်ဆေးနေတယ်လို့  ဖော်ပြထားပါတယ်။

Photo : Chiangmai Immigration

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013