DVB Logo
Home
Lead Story
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး ဒုတိယနေ့ (ဓာတ်ပုံ)
DVB
·
July 31, 2014
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး ဒုတိယနေ့ (ဓာတ်ပုံ)
1 / 4
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေး ဒုတိယနေ့ကို လိုင်ဇာမြို့မှာ ဒီကနေ့ ဆက်လက်ကျင်းပနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အစည်းအဝေးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ လိုင်ဇာမြို့မှာ ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးက ရရှိခဲ့တဲ့အချက်တွေကို အန်စီစီတီအဖွဲ့ဝင် မဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ပြန်လည်ချပြဆွေးနွေးနေတာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးကို မနေ့က စတင်ကျင်းပတာဖြစ်ပြီး အန်စီစီတီအဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ အခြားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) စတဲ့အဖွဲ့တွေအပြင် ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ပီးယားနဲ့ အဖွဲ့လည်း ပါဝင်တက်ရောက်နေပါတယ်။

[gallery ids="61354,61355,61356,61357"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013