DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲနည်းဥပဒေ ပါတီများထံ စီဒီခွေဖြင့် ပေးပို့ဖြန့်ချိ
DVB
·
July 31, 2014
ရွေးကောက်ပွဲနည်းဥပဒေ ပါတီများထံ စီဒီခွေဖြင့် ပေးပို့ဖြန့်ချိ
Donate to DVB

ရွေးကောက်ပွဲနည်းဥပဒေကို နိုင်ငံရေးပါတီ ၆၅ ခုထံ စီဒီခွေနဲ့ ဒီကနေ့ ပေးပို့ ဖြန့်ချိမယ်လို့ ရွေးကောက်ပွဲကော်မရှင်ရုံးရဲ့ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

Union Election Commission copyဇူလိုင် ၂၈ ရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လက်မှတ်ထိုး အတည်ပြုလိုက်တဲ့ ရွေးကောက်ပွဲနည်းဥပဒေမှာ ပြင်ဆင်ချက် ၄၄ ချက် ပါရှိပြီး အချက်တချို့ကို ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ခုလို ပြောပါတယ်။

“မူလ နည်းဥပဒေထဲမှာ အရင်ကတော့ ဥပမာဆိုပါစို့ မသန်စွမ်းပေါ့နော် မသန်စွမ်းသူများကို လုံးဝ ထည့်ထားတာ မရှိဘူး။ အဲဒါတွေကို အပြည့်အစုံ ပြန်ထည့်ပေးထားတယ်။ မသန်စွမ်းသူများ ဆိုရင် မဲပေးခွင့်ရော၊ ရွေးကောက်ခံနိုင်ခွင့်ရော၊ သူတို့ မဲပေးရင် အလွယ်တကူ အဆင်ပြေစွာ ပေးနိုင်အောင် အဲဒါတွေကို ပြင်ဆင်ပြီး ထည့်ပေးထားတယ်။ အလားတူပဲ ကြိုတင်မဲစာရင်းနဲ့ မဲပေးတဲ့အခြေအနေကို လေ့လာနိုင်ဖို့အတွက် ရွေးကောက်ပွဲလေ့လာသူတို့၊ မဲရုံကိုယ်စားလှယ်တို့ ယခင်ကတော့ မရှိဘူး။ ယခုတော့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိအောင် ထပ်ဖြည့်ပေးထားတယ်။ အလားတူပဲ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ယခင်က ၅ သိန်းဆိုရင် အခု ၃ သိန်း ပြင်ပေးထားတယ်။ တခါ ရွေးကောက်ခံရတဲ့ အခါမှာဆိုရင်လည်း ရွေးကောက်ခံရတဲ့ သူအားလုံးကို ၀င်ခွင့်အာမခံကို ပြန်လုပ်ပေးတယ်။ ရှုံးတဲ့သူတွေကတော့ ခိုင်လုံမဲ ၈ ပုံ ၁ ပုံထက် အထက်ရရင် သူတို့ကိုလည်း ပြန်ပေးတယ်။ အရင်တုန်းက ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးကို အကုန်လုံး နိုင်ငံတော်ဘဏ္ဍာ သိမ်းတယ်။ အခုကတော့ နိုင်တဲ့သူ အားလုံးပေးမယ်။ ရှုံးတဲ့သူက ၈ ပုံ ၁ ပုံထက် အထက်ရရင် ပြန်ပေးတယ်။ ရှုံးပြီးတော့ ၈ ပုံ ၁ ပုံ အောက်ရောက်မှ နိုင်ငံတော် ဘဏ္ဍာ သိမ်းတယ်။ ဒါမျိုးတွေ ပြောင်းလဲသွားတယ်။ နောက်တခါ ရွေးကောက်ပွဲ ပြီးသွားရင် အငြင်းပွားမှု ရှိလာရင် ကန့်ကွက်လွှာ တင်ကြတယ်။ တင်တဲ့အခါမှာ အမှုစရိတ် ကုန်ကျငွေ ယခင်က ၁၀ သိန်း တင်ရတယ်။ အဲဒီအစား ၅ သိန်းလို့ ပြင်တယ်။ တခါ အဲဒီအမှုပါပဲ အယူခံတင်တာတွေ၊ ပြင်ဆင်မှုတင်တာတွေ ရှိလာရင် ယခင်က ၅ သိန်း ယခု ၃ သိန်း ပြင်ထားတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲနည်းဥပဒေနဲ့ ပတ်သက်ပြီး ပေးပို့ထားတဲ့ အကြံပြုချက်တွေနဲ့ ပတ်သက်လို့ သြဂုတ် ၁ ရက်မှာ ကော်မရှင်က အဖွဲ့ချုပ်ကို ခေါ်ယူရှင်းလင်းဖို့ ရှိတာမို့ အဲဒီ ရှင်းလင်းပွဲပြီးမှပဲ အသေးစိတ်အချက်တချို့ ထုတ်ဖော်ပြောဆိုမယ်လို့လည်း ဦးသောင်းလှိုင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် ၂၁ ရက် ရက်စွဲနဲ့ ပေးပို့ထားတဲ့ အကြံပြုချက်တွေ ထဲမှာ မဲဆွယ်စည်းရုံးရေးကာလကို အနည်းဆုံး ရက်ပေါင်း ၆၀ ပေးဖို့၊ မဲရုံထဲသို့ ဝင်ခွင့်ရသူများကို “ကော်မရှင်က ခွင့်ပြုထားသူများ” ဆိုပြီး ဖြည့်စွက်ခဲ့တဲ့အပေါ် ပယ်ဖျက်ပေးဖို့နဲ့ ကြိုတင်မဲကိစ္စ အပါအ၀င် အချက် ၉ ချက် ပါဝင်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲနည်းဥပဒေတွေ ပြင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ၂ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ကြပြီး ပါတီအများစုကလည်း မဲဆွယ်ကာလ တိုတောင်းတဲ့အချက် အပါအ၀င် ဝေဖန်အကြံပြုချက် အမြောက်အမြား တင်ပြထားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013