Home
မြန်မာသတင်း
တရုတ် - မြန်မာ နယ်စပ်ဖြတ်ကျော် ၇ ရက်နေထိုင်ခွင့် တခါသုံးကတ်များ စတင်လုပ်ပေး 
DVB
·
September 5, 2023
372762777_6850038818379702_7221371902761482480_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ဆင်ဖြူဂိတ်ကနေ တရုတ် - မြန်မာ နယ်စပ်ဖြတ်ကျော် တရားဝင်နေထိုင်ခွင့် တခါသုံးကတ်တွေ စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းက စတင်လုပ်ပေးနေတယ်လို့ မူဆယ်ခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။ 

မနေ့  မွန်းတည့် ၁၂ နာရီကစလို့  တရုတ်ဘက် နယ်စပ်ဖြတ်ကျော်ခွင့် ၆ ညအိပ် ၇ ရက် တပတ် နေထိုင်သွားလာနိုင်တဲ့ ကတ်တွေ  မြန်မာနိုင်ငံသားတိုင်းအတွက် လုပ်ပေးနေတာဖြစ်ပါတယ်။ 

"၁၃ / တစ်ခုထဲ မဟုတ်ဘူး။ အကုန်လုံး၊ အကုန်လုံးရတယ်နော်။ မှတ်ပုံတင်ပဲ လိုတယ်။ ဘာမှ မလိုဘူး" လို့ အဲဒီကတ်ပြုလုပ်ဖို့ တန်းစီနေတဲ့ အမျိုးသားတယောက်က ပြောပါတယ်။ လက်မှတ် ပြုလုပ်ခကတော့  ကျပ် ၂၀၀၀  ပေးရမယ်လို့ သူက ပြောပါတယ်။ 

နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန် ယာဉ်မောင်းတွေကလည်း တခါသုံး နယ်စပ်ဝင်၊ ထွက်ခွင့်ကတ်တွေ သုံးရမှာ ဖြစ်ကြောင်း သိရပါတယ်။ 

ဒါ့အပြင် နှစ်နိုင်ငံ ဝင်ထွက်ခွင့် တစ်နှစ်သုံး စာအုပ်လည်းပြုလုပ်ပေးနိုင်ဖို့ စီစဉ်နေပြီး ဘယ်နေ့ ထုတ်ပေးနိုင်မယ်ဆိုတာတော့ မသိရဘူးလို့ နယ်စပ်မှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေထံက သိရပါတယ်။ 

တရုတ် - မြန်မာနယ်စပ် လူဝင် လူထွက် ဂိတ်တွေနဲ့ ကုန်သွယ်ရေး ဂိတ်တွေကို ကိုဗစ် - ၁၉ ကပ်ရောဂါ အခြေအနေကြောင့် ၂၀၂၀ ဧပြီလကစ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခဲ့ပြီး အခု ၂၀၂၃ ခုနှစ်မှာမှ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024