DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင်  တလအတွင်း တိုက်ပွဲ ၅၀ ခန့်ဖြစ်၊ စစ်တပ်ဘက်က ၁၁၀ ခန့်သေဆုံး
DVB
·
September 5, 2023
ကရင်နီတွင်  တလအတွင်း တိုက်ပွဲ ၅၀ ခန့်ဖြစ်၊ စစ်တပ်ဘက်က ၁၁၀ ခန့်သေဆုံး
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ် တလတာအတွင်း  တိုက်ပွဲအကြိမ်ရေ ၅၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၁၁၀ သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် ရှိခဲ့ပြီးတော့ စစ်သုံ့ပန်း ၃ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကာ လက်နက်ငယ် ၁၅ လက်နဲ့ လက်နက်ကြီး ၁ လက် အပါအဝင် ဆက်စပ်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ် လို့ ဆိုပါတယ်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်တွေဘက်က လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးခဲ့ရပြီး လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့်လည်း ပြည်သူ ၂ ယောက် ထပ်မံ သေဆုံးခဲ့ရတဲ့အပြင် ဒရုန်းနဲ့ လာရောက်တိုက်ခိုက်မှုကြောင့်လည်း ကလေးငယ် ၃ ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ဩဂုတ်လအတွင်း လူနေအိမ်အလုံး ၂၀ ပျက်စီးခဲ့ကာ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ရ သလို တိုက်ပွဲဖြစ်ပွားရာကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှု ကြောင့် လူနေအိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

ဩဂုတ် တလတာတိုက်ပွဲတွေအတွင်း ဒီးမော့ဆိုမြို့နယ် စစ်မျက်နှာအတွင်း စစ်ကောင်စီ တပ်တွေကို ခုခံတိုက်ခိုက်ရင်း KNDF တော်လှန်ရေး ရဲဘော် ၅ ယောက် ကျဆုံးခဲ့ရပြီး ကျဆုံးရဲဘော်တွေကို အမျိုးသား အာဇာနည်ရဲဘော်တွေအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုတယ်လို့လည်း ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဩဂုတ် ၂ ရက်ကတည်းက စတင်ကာ ဒီးမော့ဆို -ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရေးအတွက် ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆို မြို့နယ်အကြားက ပြည်ထောင်စုလမ်းမကြီးဘေး ဝဲ၊ ယာ  ကျေးရွာတွေကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ် တပ်မ(၅၅)လက်အောက်ခံ တပ်ရင်းတွေဟာ စစ်ကြောင်း(၃)ကြောင်းနဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အစ ငွေတောင်ရွာသစ်ကျေးရွာကနေ ကဒါးလားကျေးရွာ၊ ထီး သော်ကူးကျေးရွာနဲ့ ဒေါညေးခူကျေးရွာတွေအထိ စစ်ကြောင်းထိုးကာ တပ်စွဲထားခဲ့တာ ကြောင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ နေ့စဉ်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ တာပါ။ 

ဒါ့အပြင် ဒီးမော့ဆိုနဲ့ ဖရူဆို စစ်မျက်နှာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဒု-ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ထိခိုက်ကျဆုံးမှုတွေ များပြားခဲ့တာကြောင့် တိုက်လေယာဉ်တွေ အသုံးပြုကာ လေကြောင်းနဲ့လည်း တိုက်ခိုက်ခဲ့ကြတယ်လို့ KNDF က ပြောပါတယ်။

မယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်ဖို့အတွက်လည်း ဖားဆောင်းမြို့နယ်ဘက်ကနေ အ ပြင်းအထန်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက ပန်တိန်းကျေးရွာ အနီးတဝိုက် တန်ပြန် တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။ 

ဖယ်ခုံမြို့နယ်ကနေ လွိုင်ကော်မြို့နယ်အထိ ဖြတ်သန်းသွားလာတဲ့ စစ်ကောင်စီ လှုပ်ရှားတပ်တွေနဲ့ လုံခြုံရေးတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တဲ့အပြင် ဒီးမော့ဆိုမြို့နယ်ထဲက နန်းမယ်ခုံကျေးရွာကနေ ဒေါငံခါးကျေးရွာအထိ အင်အားဖြန့်ကြက် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်တွေကို လည်း ကရင်နီပူးပေါင်းတပ်တွေက အဆက်မပြတ် ချုံခိုတိုက်ခိုက်နေတယ်လို့လည်း KNDF-ဗဟိုက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013