
ရုရှားစစ်တပ်မှာ စစ်မှုထမ်းဖို့ အခုနှစ်မှာ လူပေါင်း ၂၈၀၀၀၀ လောက် လက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှားလုံခြုံရေးကောင်စီရဲ့ လက်ထောက်ဥက္ကဋ္ဌ သမ္မတဟောင်း ဒီမီထရီမက်ဗီဒက်က စက်တင်ဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ အရှေ့ဖျားဒေသဆီ အလည်အပတ်ရောက်နေတဲ့ မက်ဗီဒက်က လက်နက်ကိုင်တပ်ဖွဲ့တွေ အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလုပ်ဆောင်နိုင်ရေး ဒေသတွင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ပြောပါတယ်။
ရုရှားဟာ တိုက်ခိုက်ရေး တပ်သား ၁ သန်းခွဲရောက်တဲ့အထိ ၃၀ ရာခိုင်နှုန်းတိုးချဲ့ဖို့ အစီအစဉ်ကို ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းစစ်ပွဲမှာ အသေအပျောက် ပြင်းထန်ပေမယ့် မထုတ်ဖော်မပြသတဲ့ ပြင်းထန်ပြီး ရည်မှန်းချက်ကြီးတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။
ရုရှားနိုင်ငံရဲ့ လုံခြုံရေးသေချာစေဖို့ ကျွမ်းကျင်တဲ့ စစ်တပ်အင်အား ၇ သန်း လိုအပ်တယ်လို့ ရုရှားလွှတ်တော်အမတ် တချို့က အကြံပြုထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ အရန်တပ်သား ၃ သိန်းကို တစိတ် တပိုင်း စည်းရုံးဖို့ အမိန့်ပေးခဲ့လို့ စစ်တိုက်ဖို့ လွှတ်မှာကို ရှောင်ရှားဖို့ ထောင်သောင်းချီတဲ့ လူတွေ ရုရှားနိုင်ငံထဲကနေ ထွက်ပြေးဖို့ လှုံ့ဆော်သလို ဖြစ်ခဲ့ပါတယ်။
နောက်ထပ် စည်းရုံးမှုတွေ လုပ်ဖို့ မလိုတော့ဘူးလို့လည်း ပူတင်က ပြောခဲ့ပါတယ်။
Source/Photo-Reuters










