DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နှင့်တရုတ်နယ်စပ်က အဝယ်လိုက်သဖြင့် ချင်း(ဂျင်း) စျေးတက်
DVB
·
September 3, 2023
ဘင်္ဂလားဒေ့ရှ်နှင့်တရုတ်နယ်စပ်က အဝယ်လိုက်သဖြင့် ချင်း(ဂျင်း) စျေးတက်
Donate to DVB

ဘင်္ဂလာဒေ့ရှ်နဲ့ တရုတ်-မြန်မာ နယ်စပ်မြို့တွေက အဝယ်လိုက်တာကြောင့် ချင်း(ဂျင်း) စျေးနှုန်းမြင့်တက်လာတယ်လို့ ချင်းရောင်းဝယ်ရေးကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

အောင်ပန်းပွဲရုံ ကုန်စည်ဒိုင်စျေးနှုန်းအရ သြဂုတ်လက ချင်းအခက်အကြီးအသန့် ၁ ပိဿာကို ကျပ် ၄၃၀၀ ကနေ ၄၅၀၀၊ ဂျင်းဥမ ​အလတ်စ တပိဿာကို ၃၅၀၀ ကနေ ၃၈၀၀ အထိသာရှိခဲ့ပေမယ့် စက်တင်ဘာ ၃ ရက်နေ့စျေးနှုန်းအရ ဂျင်းအခက်အကြီး တပိဿာကို ၆၅၀၀ ကနေ ၆၇၀‌၀၊ ဂျင်းဥမ အလတ်စ တပိဿာကို ၅၃၀၀ ကနေ ၅၅၀၀ အထိ မြင့်တက်လာပါတယ်။

အောင်းပန်ကုန်စည်ဒိုင်ပိုင်ရှင်တယောက်က "ဂျင်းစျေးတက်တဲ့ အဓိက အကြောင်းရင်း ကတော့ ဘင်္ဂလားဒေ့ရှ်က အဝယ်လိုက်တာကြောင့်ပါ။ ဘင်္ဂလားဒေ့ရှ်က ဂျင်းဥမ အလတ်စတို့ အသေးစတို့ကို အဓိက ဝယ်ယူတာပေါ့။ အောင်ပန်းကနေ တောင်ကုတ် အဲကနေ တဆင့် ရေကြောင်းသင်္ဘာ​နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ တင်သွင်းတယ်။ အောင်ပန်းမှာက ပွဲရုံတွေအများကြီးရှိတာဆိုတော့ ဘယ်လောက်ပို့လဲ ဆိုတာ အတိအကျသိဖို့ခက်တယ်။ အကိုတို့ပွဲရုံတခုထဲတောင် တလကို ၁၂ ဘီးကား ၅ စီးကနေ ၁၀ စီးအထိလောက်ပို့တယ်" လို့ပြောပါတယ်။

ချင်းအခက်အကြီးအသန့်တွေကို တရုတ်-မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ လောက်ကိုင်၊ မူဆယ်၊ လားရှိုးနဲ့ တချီလိတ်မြို့တို့က အဝယ်လိုက်တာကြောင့် စျေးကောင်းနေတာပါလို့ သူက ဆက်ပြောပါတယ်။

စျေးကွက်အတွင်းမှာ ဝယ်လိုအားများပြီး ချင်းလက်ကျန်ရှားပါးနေတာကြောင့် ချင်းစျေး ဆက်လက်မြင့်တက်ဖို့ရှိနေတယ်လို့ ချင်းကုန်သည်တယောက်က ပြောပါတယ်။

"လက်ရှိမှာက ချင်းအဝယ်က အရမ်းလိုက်နေတော့ စျေးကွက်ထဲမှာပစ္စည်းလက်ကျန်​နည်းနေတာကြောင့် ချင်းစျေးတက်လာတာပါ။ ချင်းဥမကလည်း ဇူလိုင်ကမှ ထွက်ထားတာဆိုတော့ ချင်းနောက်တသုတ်က ​နိုဝင်ဘာလောက်မှ ထွက်မယ်ထင်တယ်။ အခုလိုအဝယ်များနေပုံနဲ့ဆိုရင် နိုင်ဝင်ဘာ မရောက်ခင်အထိ စျေးနှုန်းက ဆက်တက်ဖို့ရှိတယ်။ ချင်းအသစ်ပေါ်လာမှပဲ စျေးကျတော့မှာပါ" လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ချင်း(ဂျင်း) စိုက်ဧရိယာ ၁၉,၃၃၃ ဧကရှိပြီး တဧက အထွက်နှုန်းမှာ ပိဿာ ၂,၆၀၀ ရှိပါတယ်။

ချင်း(ဂျင်း) ကို ရှမ်းပြည်နယ်မှာ ဧက ၁၂,၇၈၇ နဲ့ အများဆုံးစိုက်ပျိုးပြီး ချင်းပြည်နယ်က ၂,၄၂၇ ဧကနဲ့ ဒုတိယအများဆုံး၊ မန္တလေးတိုင်းမှာ ၉၃၅ ဧကနဲ့ တတိယအများဆုံး စိုက်ပျိုးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013