DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ပေါ် တပ်စွဲထားသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ယောက်သေ
DVB
·
September 3, 2023
မုံရွာမြို့ပေါ် တပ်စွဲထားသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ယောက်သေ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အမြင့်လမ်းပေါ်က ညောင်ပင်သာရပ်ကွက်ထဲမှာ တပ်စွဲထားပြီး ကင်းစောင့်နေသူတွေကို မုံရွာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က ၅ ယောက်သေဆုံးတယ်လို့ မုံရွာမြို့နယ် PDF အဖွဲ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ ‌မနက်ပိုင်းအချိန်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး Chindwin Attack Force သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက “ကင်းစောင့်နေတဲ့ ၅ ကောင် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျနော်တို့ ရဲဘော်တွေ အထိခိုက်မရှိ ပြန်လည် ဆုပ်ခွာနိုင်ခဲ့ပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိခိုက်သေဆုံးတဲ့ အ‌ခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို စစ်တပ်ဘက်ကလည်း ပစ်ခတ်မှုအကြောင်း ထုတ်ပြန်ပြောဆိုလေ့မရှိဘဲ ဆက်သွယ်မေးမြန်းရာမှာလည်း လက်ခံဖြေကြားလေ့မရှိပါဘူး။

အဲဒီ တိုက်ခိုက်မှုကို မုံရွာခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)အဖွဲ့က ဦးဆောင်ပြီး Spring Dove၊ 5/UG Task Force၊ Democratic Guerrilla Force (DGF)၊ Monywa Commando Force နဲ့ ဒဿ ပြောက်ကျားတပ်ဖွဲ့တို့က ပူပေါင်းပစ်ခတ်တိုက်ခိုက်တာ ဖြစ်တယ်လို့ Chindwin Attack Force အဖွဲ့က ထုတ်ပြန် အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013