DVB Logo
Home
မြန်မာသတင်း
ဇနီးနှင့်မယားပါသမီးအား မုဒိမ်းကျင့်သတ်ဖြတ်မီးရှို့သူကို မသေမချင်းကြိုးပေးရန် အမိန့်ချ
DVB
·
September 3, 2023
ဇနီးနှင့်မယားပါသမီးအား မုဒိမ်းကျင့်သတ်ဖြတ်မီးရှို့သူကို မသေမချင်းကြိုးပေးရန် အမိန့်ချ
Donate to DVB

ဖြူးမြို့နယ်မှာ ဇနီးဖြစ်သူကိုသတ်ပြီး ဇနီးရဲ့သမီးကိုလည်း မုဒိမ်းကျင့် မီးရှို့သတ်ခဲ့တဲ့သူကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ တောင်ငူခရိုင်တရားရုံးက သြဂုတ် ၃၁ ရက်မှာ သေဒဏ်ချမှတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်က ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စု ရေကျော်ကျေးရွာမှာ ဒီအမှုဖြစ်ခဲ့ပြီး မိခင်ဖြစ်သူကိုသတ်သလို အသက် ၁၄ နှစ် အရွယ် သမီးကိုလည်း ပထွေးဖြစ်သူအောင်စိုးမြင့်က အကြိမ်ကြိမ်မုဒိမ်းကျင့် မီးရှို့သတ်ခဲ့တာလို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

"တနှစ်လောက်ရှိပြီ အမှုက၊ ဒေသခံတွေရော ရပ်မိရပ်ဖတွေရော မခံမရပ်နိုင်ဖြစ်လို့ ဒီအမှုကို မြန်မြန်အမိန့်ချတာ။ ပြောရရင် အုတ်အော်သောင်းနင်းဖြစ်သွားလို့ အမှုက မြန်တာ၊ အခုလို ကြိုးမိန့်ပေးတာ ဝမ်းသာတယ်" လို့ ပြောပါတယ်။

အခင်းဖြစ်တဲ့နေ့က တရားခံ ကတုံး (ခ) အောင်စိုးမြင့်ဟာ ဇနီးဖြစ်သူဒေါ်တင်အေးကို တုတ်နဲ့ရိုက်သတ် မြေမြှုပ်ထားပြီး အသက် ၁၄ နှစ်အရွယ် မစန်းစန်းဌေးကို အကြိမ်ကြိမ် မုဒိမ်းကျင့်ပြီးနောက် သတ်ဖြတ်မီးရှို့ မြေမြှုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဟန်မပျက်နေထိုင်ခဲ့ပြီး ၇ လကြာမှ ရဲကဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

"သေတဲ့သူရဲ့မောင်က မသင်္ကာလို့ ရဲကိုတိုင်တော့မှ သိတာ။ ဒါတောင် ၇ လကြာမှ ဖမ်းမိတယ်။ အမှုစစ်တာ အမိန့်ချတာ မြန်တယ်ဆိုတာ လူထုက မကျေနပ် ဖြစ်တာကြောင့် တရားရုံးက အမိန့်အမြန်ချတာ" လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်ပြီးနောက် တရားခံ ကတုံး (ခ) အောင်စိုးမြင့်ဟာ တောင်တွင်းကြီးမြို့နဲ့ နတ်မောက်မြို့တို့မှာ ရှောင်တိမ်းနေထိုင်ပြီး ၂၀၂၂၊ ခုနှစ် ဇူလိုင် ၄ ရက်က ရွာကို ပြန်လာတဲ့အချိန် ဖမ်းမိခဲ့ပြီး တရားစွဲဆိုခံခဲ့ရတာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တောင်ငူခရိုင်တရားရုံးက သူ့ကို ပုဒ်မ ၃၀၂ (၁)(ခ)၊ ၃၇၆ (၁)၊ ၄၃၆ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချခဲ့တာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ဝ၂၂ ခုနှစ်အတွင်း မုဒိမ်းမှု ၉ဝဝ နီးပါးဖြစ်ခဲ့ပြီး ၆၀၀ ကျော်ဟာ သက်ငယ်မုဒိမ်းမှုတွေဖြစ်တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013