DVB Logo
Home
မြန်မာသတင်း
ခင်ဦး အနောက်မြောက်ခြမ်းတွင် စစ်တပ်က အိမ် ၅၀ ကျော် မီးရှို့
DVB
·
September 3, 2023
ခင်ဦး အနောက်မြောက်ခြမ်းတွင် စစ်တပ်က အိမ် ၅၀ ကျော် မီးရှို့
Donate to DVB

စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာ ခမရ ၃၆၁ စစ်ကြောင်းဟာ ခင်ဦးမြို့နယ် အနောက်မြောက်ဒေသသို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက် စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံ ၅၀၀၀ ကျော်ဟာ မိုးထဲရေထဲမှာ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ် ကာဘိုးရွာဘက်က အင်အား ၁၂၀ ကျော်နဲ့ စစ်ကြောင်းထိုး လာတာဖြစ်ပြီး ရှားတော၊ ငါးရုံကြီး၊ ကလုံ၊ မဒေါင်းကြီး၊ ရွှေကာ၊ ဆီဆုံလေး၊ နှဲတွင်း စတဲ့ရွာတွေက ဒေသခံတွေဟာ တောင်သူလုပ်ကိုင်စိုက်ပျိုးရင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ခင်ဦးမြောက်ဘက်ခြမ်းက တောင်သူတယောက်က ပြောပါတယ်

အဲဒီစစ်ကြောင်းဟာ နေ့လယ်ပိုင်းမှာ ရှားတောကျေးရွာစာသင်ကျောင်းအပါအဝင် လူနေအိမ် ၂၅ လုံးနဲ့ ငါးရုံးကြီးကျေးရွာက လူနေအိမ် ၃၁ လုံးတို့ကို မီးရှို့ဖျက်ဆီခဲ့တယ်လို့ ဒေသတွင်း ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ရှားတောကျေးရွာစာသင်ကျောင်းဟာ ၂၀၂၂ ခုနှစ်ကလည်း တကြိမ်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပင်မစာသင်ဆောင်နဲ့ ဝန်ထမ်းနေအိမ်အဆောင်တလုံး ဆုံးရှုံးခဲ့ရတယ်လို့ ရှားတောရွာသား တယောက်က ပြောပါတယ်။

အဲဒီနောက် စစ်ကြောင်းဟာ ရှားတောကျေးရွာကနေ အရှေ့ဘက်ကို ဆက်လက်ထွက်ခွာသွားပြီး ဆီဆုံလေးကျေးရွာကို ပစ်ခတ်ဝင်ရောက်ပြီးနောက် ကျေးရွာဘုန်းကြီးကျောင်းမှာ ညအိပ် တပ်စွဲနေတယ်လို့ ဆီဆုံလေးရွာသားတယောက်က ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ အာဏာသိမ်းပြီးချိန်ကစလို့ ပြည်သူတွေရဲ့ရွာပေါင်း ၇၀ ကျော် မီးရှို့ခံခဲ့ရပြီး နေအိမ် ၆၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013