
အာဆင်နယ်အသင်းနဲ့ကန်ရမယ့်ပွဲစဉ်ဟာ အကြိတ်အနယ်ရှိမယ့် ပွဲကြီးပွဲကောင်း ဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ ဒီကနေ့ ည ၁၀ နာရီအချိန်မှာ အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းမှာ သွားရောက် ကစားရမှာပါ။
အာဆင်နယ်နဲ့ တွေ့ဆုံတိုင်း စိတ်ဝင်စားစရာကောင်းပြီး အကြိတ်အနယ်ရှိတဲ့ပွဲလည်းဖြစ်ကြောင်း၊ နှစ်သင်းစလုံးက တိုက်စစ်အသားပေး အသင်းတွေဖြစ်ပြီး မှန်ကန်တဲ့ ကြံရွယ်ချက်နဲ့ ကစားကြမယ့် အသင်းတွေလို့ ဆိုနိုင်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
“အာဆင်နယ်နဲ့ပွဲက ပရီးမီးယားလိဂ်ရဲ့ အကြီးမားဆုံးပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ အမြဲတမ်း စိတ်ဝင်စားစရာကောင်းပြီး ပြိုင်ဆိုင်မှုလည်း ပြင်းထန်လေ့ရှိပါတယ်။”
မန်ယူအသင်းမှာ လုခ်ရှော၊ မေဆန်မောင့်၊ ဗာရန်းတို့မပါဝင်နိုင်ပေမဲ့ တိုက်စစ်မှူးသစ် ဟွိုက်လန်း ကတော့ ပါဝင်ကစားနိုင်မှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က အတည်ပြုထားပါတယ်။
Photo-Reuters











