DVB Logo
Home
မြန်မာသတင်း
မူလနေရာများပြန်ရရေး သံတမန်များကို ဒုက္ခသည်မွတ်ဆလင်များ တင်ပြ
DVB
·
September 2, 2023
မူလနေရာများပြန်ရရေး သံတမန်များကို ဒုက္ခသည်မွတ်ဆလင်များ တင်ပြ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကိုရောက်လာတဲ့ နိုင်ငံတကာသံတမန်တွေနဲ့ စစ်သံမှူးတွေနဲ့ တွေ့ဆုံရာမှာ မွတ်ဆလင် IDP စခန်းက ဒုက္ခသည်တွေက သူတို့ရဲ့ မူလနေရာတွေနဲ့ နိုင်သားကဒ်တွေအမြန်ဆုံးရရှိဖို့၊ ကလေးမွေးစာရင်းတွေ အမြန်ဆုံးရရှိဖို့ တင်ပြ တောင်းဆိုလိုက်ကြတယ်လို့ သိရပါတယ်။

သံတမန်တွေဟာ စက်တင်ဘာ ၁ ရက် မနက်ပိုင်းက စစ်တွေကိုရောက်လာပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ကြတာပါ။

သက်ကယ်ပြင်စခန်းက ဒုက္ခသည်တယောက်က "ကျနော်တို့ Camp မှာ NVC- card ကိုင်ထားကြတဲ့ လူဦးရေ ၁,၀၀၀ ကျော် နိုင်ငံသားလျှောက်ထားတာရှိတယ်။ အဲ့ဒါ အမြန်ဆုံးရရှိဖို့ တောင်းဆိုလိုက်တယ်။ နောက်တခုက မွေးစာရင်းပါ။ ပထမတော့ သက်ကယ်ပြင် ပြည်သူ့ဆေးရုံမှာ ကျန်မာရေးဌာနက မွေးစာရင်းထုတ်ပေးခဲ့ကြတယ်။ နောက်အကြိမ်တွေလည်း ယခင်လို မွေးစားတွေ ထုတ်ပေးဖို့တောင်းဆိုလိုက်တာ" လို့ ပြောပါတယ်။

အဲဒီ သက်ကယ်ပြင် ဒုက္ခသည်စခန်းမှာ အဆောင် ၁၂၅ ဆောင်ရှိပြီး လူဦးရေ ၈၆,၀၀၀ ကျော်ရှိတယ်လို့လည်း သူကပြောပါတယ်။

သံတမန်တွေရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာ ထိုင်း၊ လာအို၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျနဲ့ ဘရာဇီး စတဲ့ သံရုံးတွေက သံအမတ်တွေ၊ သံမှူးတွေနဲ့ သံရုံးယာယီတာဝန်ခံတွေ လိုက်ပါလာကြတာပါ။

စစ်တွေမြို့ပေါ်က မွတ်ဆလင်တွေရဲ့မူလနေရာတွေမှာ နှစ်ဖက် သဟဇာတဖြစ်ဖြစ် ပြန်လည်နေထိုင်နိုင်ဖို့ အတွက်လည်း ထိုသံတမန်တွေနဲ့ စစ်သံမှူးတွေကို တောင်းဆိုလိုက်တယ်လို့  မွတ်ဆလင်ဒုက္ခသည်တွေက ဆိုပါတယ်။

ဒုက္ခသည်တယောက်က "ကျနော်တို့ကတော့ စစ်တွေမြို့ပေါ်က ယခင်က ကျနော်တို့ရဲ့ မူလ နေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ကလေးတွေအတွက် ပညာရေး၊ ကျန်မာရေးကအစ လိုအပ်တာတွေများစွာရှိနေတယ်"လို့ ပြောပါတယ်။

စစ်တွေက မွတ်ဆလင်အများစုဟာ ၂၀၁၂ ခုနှစ် ပဋိပက္ခတွေကြောင့်  ၂၀၁၃ ခုနှစ်ကနေ ဒီနေ့အထိ မြို့ပေါ်က သူတို့ရဲ့နေရာတွေမှာ နေထိုင်ခွင့်မရဘဲ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။

စစ်တွေမြိုပေါ်ကနေ ထွက်ပြေးလာခဲ့ကြရတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်း ၁၄ ခု ရှိပြီး  စခန်း ၈ ခုက ဒုက္ခသည်တွေဟာ သံတမန်တွေကို သူတို့ လက်ရှိကြုံတွေ့နေကြရတဲ့ အခက်အခဲတွေ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013