DVB Logo
Home
မြန်မာသတင်း
စစ်တပ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း ကျဆုံးပြည်သူ ၂၀၃၀ ခန့်ထိ မြင့်တက်လာ
DVB
·
September 2, 2023
စစ်တပ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း ကျဆုံးပြည်သူ ၂၀၃၀ ခန့်ထိ မြင့်တက်လာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၂၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၆၃၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၈၄၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၂၅၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၂ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၅ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၇၈၆ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မှတ်တမ်းနှင့် သုတေသနဌာနရဲ့ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၃ ခုနှစ်၊ ဩဂုတ် တလတာကာလအတွင်း စစ်ကိုင်းတိုင်း မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၉ ယောက်နဲ့ အမျိုးသား ၃၆ ယောက်၊ စုစုပေါင်း ၄၅ ယောက် သေဆုံးခဲ့ပြီး ထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ အရေအ တွက်မှာ ၂၅ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တလတာအတွင်း စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီး ၅ ယောက်၊ အမျိုးသား ၆ ယောက်၊ စုစုပေါင်း ၁၁ ယောက် ရှိပြီး စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး ၁၆ ယောက်၊ အမျိုးသား ၅၄ ယောက်၊ စုစုပေါင်း အယောက် ၇၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂၈ ရက် နေ့လယ်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဇီးဖြူကျင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းကာ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်ခဲ့ရာ နွားလှည်းနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ အသက် ၆၀ ကျော်အရွယ် ဦးပေါဝရဲ့ ရင်ဘတ်၊ ခြေထောက်နဲ့ လက်တို့ကို ကျည်စထိမှန်ကာ သေဆုံးခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013