DVB Logo
Home
နိုင်ငံရေး
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးဆွေးနွေးပွဲ (ဓာတ်ပုံ)
DVB
·
July 30, 2014
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးဆွေးနွေးပွဲ (ဓာတ်ပုံ)
1 / 4
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေး (Ethnic Armed Organizations Summit) ကို ဒီကနေ့ လိုင်ဇာမြို့မှာ စတင် ကျင်းပနေပါတယ်။

ထိပ်သီးအစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ အခြားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) စတဲ့အဖွဲ့တွေအပြင်၊ ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးရဲ့ အထူးအကြံပေး ဗီဂျေနမ်ဘီးယားလည်း ပါဝင်တက်ရောက်နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ အန်စီစီတီအဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာပဲ ကျင်းပခဲ့ပြီး အစည်းအဝေးအပြီးမှာ တော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် အဟန့်အတားတွေ ဖယ်ရှားနိုင်ရေး အပါအ၀င် အချက် ၁၀ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ (ဓာတ်ပုံ - ထွန်းထွန်းသိန်း)
[gallery ids="61288,61289,61290,61291"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013