DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံး
DVB
·
September 1, 2023
ကလေးမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှု‌ကြောင့် ဩဂုတ်လအတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား မြို့အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ ထောင်မိုင်း၊ ပစ်ခတ်သတ်ဖြတ် မီးရှို့မှုတွေကြောင့် အရပ်သားတွေ သေဆုံးခဲ့ကြရတာလို့ ဆိုပါတယ်။

ဩဂုတ် ၁၀ ရက်နေ့မှာ အလုပ်ကနေပြန်လာတဲ့ မွှန်ထာရွာသား အသက် ၂၈ နှစ်အရွယ် ဆလိုင်း ကျုံးလျန်ဘိခ်နဲ့ ဩဂုတ် ၁၂ ရက်နေ့မှာ ဆေးခန်းပြပြီး ပြန်လာတဲ့ ကျွန်းချောင်းရွာက အသက် ၅၀ အရွယ် မိခင် ဒေါ်ဟွေးအီယာန်နဲ့ အသက် ၃၀ အရွယ် သားဖြစ်သူ စမူအဲလ်တို့ အပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ရတာပါ။

စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ပစ်ခတ်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ကလေးမြို့ နည်းပညာတက္ကသိုလ်က CDM ဆရာမ ဒေါ်ရတီအုန်းက “ဒါကတော့ အခုအခြေအနေနဲ့ဆိုရင် သိပ်တော့မထူးဆန်းတော့ဘူး။ စစ်ကောင်စီက အခုလို ပြည်သူတွေကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်တာကတော့ အာဏာသိမ်းပြီးတဲ့အချိန်ကစ အခုထိပဲ။ ကျမတို့ကတော့ ပိုပြီး စည်းစည်းလုံးလုံး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ပဲရှိပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဩဂုတ် ၁၆ ရက်ကစတင်ပြီး ကလေးမြို့အနီး သာစည်ရွာက ဒေသခံ နေအိမ်တွေကိုလည်း ၁၀ ရက်ကျော် မီးရှို့ဖျက်ဆီးခဲ့သလို သာစည်ရွာကို လေကြောင်းကနေ ပစ်ကူခဲ့ပြီး ကျေးရွာအတွင်းမှာ တပ်စွဲနေတာလည်း ဖြစ်ပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်မှု‌ကြောင့် ဇူလိုင်လအတွင်း အရပ်သား ၃ ဦးနဲ့ ဇွန်လအတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၈ ယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါ‌တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013