DVB Logo
Home
မြန်မာသတင်း
အော်ရီဒူး တယ်လီဖုန်းဆင်းကတ်များ စတင်ရောင်းချ
DVB
·
July 30, 2014
အော်ရီဒူး တယ်လီဖုန်းဆင်းကတ်များ စတင်ရောင်းချ
Donate to DVB

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရထားတဲ့ ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီက ဆင်းကတ်တွေကို မန္တလေးနဲ့နေပြည်တော်မှာ စတင်ရောင်းချပေးနေပါတယ်။

ဇူလိုင် ၂၉ ရက်နေ့က မန္တလေးနဲ့ နေပြည်တော်မှာ ဆင်းကတ် တခုကျပ် ၁၅၀၀ စတင်ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

Ooredooအော်ရီဒူး ဖုန်း အချင်းချင်း မိနစ် ၉၀၀ နဲ့ မက်ဆေ့ခ်ျ အစောင် ၉၀၀၊ အခြားဖုန်းတွေကို မိနစ် ၉၀၊ မက်ဆေ့ခ်ျ အစောင် ၉၀ အခမဲ့ ပြောနိုင်မှာ ဖြစ်သလို အင်တာနက် ဖုန်းနဲ့ 20 MB ပမာဏ အခမဲ့ သုံးနိုင်မှာ ဖြစ်ပါတယ်။ အော်ရီဒူ ဖုန်းအချင်းချင်း ဗွီဒီယိုကောလ်နဲ့ ခေါ်ဆိုနိုင်ပြီး ၃ လမခေါ်ဆိုပဲ ထားရင်တော့ ဖုန်းအပိတ်ခံရမှာဖြစ်ပါတယ်။

အင်တာနက် မြန်ဆန်လို့ စိတ်ကျေနပ်ပေမယ့် ဒေတာစနစ်ပေါ်မူတည်ပြီး ငွေကောက်ခံတဲ့ အတွက် ဒေတာတွေကို ဒေါင်းလုပ် လုပ်သူတွေအဖို့ တမိနစ်ကို ၂ ကျပ် ၄ ကျပ် နှုန်းကောက်ခံတဲ့ မြန်မာ့ဆက်သွယ်ရေးဆင်းကတ်ထက်တော့ ဈေးကြီးတယ်လို့ ၀ယ်ယူသုံးစွဲသူတွေက ပြောပါတယ်။

စမ်းသပ်ကာလဖြစ်တဲ့အတွက် ငွေဖြည့်သွင်း အသုံးပြုခွင့်ရမှာ မဟုတ်ဘဲ သြဂုတ် ၁၅ ရက်ရောက်မှသာ ငွေဖြည့်သွင်းခွင့်ရမှာလည်း ဖြစ်ပါတယ်။

အော်ရီဒူးကုမ္ပဏီက လူထုဆက်ဆံရေး တာဝန်ခံ ဒေါ်သိရီကြာညိုကတော့ ဖြန့်ချိဖို့အတွက် ကုမ္ပဏီ ၆ ခုရှိတဲ့အကြောင်း ပြောပါတယ်။

“ဖြန့်ချိရေး ကုမ္ပဏီတွေကနေပြီး ကိုယ်စားလှယ်တွေကို ဆင်းကတ်တွေ လိုက်ပြီး ဖြန့်ချိနေပါတယ်။”

ဆင်းကတ်တွေ အ၀ယ်လိုက်လို့ ဆိုင်တွေမှာ ဆင်းကတ်တွေ ပြတ်လပ်သွားတယ်လို့ မန္တလေးအခြေစိုက် ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ ဆိုင်တွေက ဖုန်းဟမ်းဆက်ဝယ်သူကို ဆင်းကတ်လက်ဆောင်ပေးမယ်လို့ အရောင်းမြှင့်တင်ကြသလို ဆင်းကတ်ကို သတ်မှတ်ဈေးထက်ပို ရောင်းချလာကြတယ်လို့ သူက ပြောပါတယ်။

“မနေ့က ၁၅၀၀ နဲ့ ၀ယ်လာတယ်။ ဒါပေမယ့် ဒီနေ့ ၁၅၀၀ နဲ့ ဘယ်ဆိုင်မှ မရောင်းတော့ဘူး။ ရောင်းတဲ့ ဆိုင်ဆိုရင်လည်း အနည်းဆုံး ၅၀၀၀ ဖြစ်သွားပြီ။ တချို့ဆိုင်တွေဆိုရင် လုံးဝ ကတ် မရှိတော့။ ရှိတဲ့ ဆိုင်တွေကလည်း ၅၀၀၀ နဲ့ ရောင်းရင်ရောင်းမယ်။ မရောင်းရင်လည်း သူတို့ဆီမှာ ဟမ်းဆက် ၀ယ်ရင် အလကားပေးမယ်ဆိုပြီး လုပ်လိုက်တယ်။ ကတ်တွေက ကုန်သွားပြီဖြစ်တဲ့အတွက် ၂ ရက်နေ့မှ ပြန်ရမယ်တော့မှာလေ။ ”

တချို့ဆိုင်တွေက ၅၀၀၀ နဲ့ရောင်းသလို တချို့ကတော့ နံပတ်လှတယ်ဆိုရင် ၈၀၀၀ အထိ ဈေးပေါက်တယ်လို့ သူက ပြောပါတယ်။

ဆက်သွယ်ရေးအော်ပရေတာလိုင်စင်ကို ကာတာအခြေစိုက် အော်ရီဒူးကုမ်ပဏီနဲ့ နော်ဝေအခြေစိုက် တယ်လီနောကုမ်ပဏီတို့ ရရှိခဲ့ပါတယ်။ တယ်လီနော့၊ အော်ရီဒူးတို့နဲ့ ယှဉ်ပြိုင်ရတော့မယ့် မြန်မာ့ဆက်သွယ်ရေးဟာ ဈေးကွက်ထဲ ယှဉ်ပြိုင်နိုင်ဖို့ ဂျပန်အခြေစိုက် ကေဒီဒီအိုင်ကော်ပိုရေးရှင်း၊ ဆူမီတိုမို ကော်ပိုရေးရှင်းတွေနဲ့ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က နေပြည်တော်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အော်ရီဒူး တယ်လီဖုန်းဆင်းကတ်များ စတင်ရောင်းချ