DVB Logo
Home
နိုင်ငံတကာ
ဂါဘွန်အစိုးရအဖွဲ့ဝင်ဟောင်းများကို အကျင့်ပျက်ခြစားမှုဖြင့်စွပ်စွဲရန် အာဏာသိမ်းစစ်တပ်က စီစဉ်နေ 
DVB
·
September 1, 2023
ဂါဘွန်အစိုးရအဖွဲ့ဝင်ဟောင်းများကို အကျင့်ပျက်ခြစားမှုဖြင့်စွပ်စွဲရန် အာဏာသိမ်းစစ်တပ်က စီစဉ်နေ 
Donate to DVB

သမ္မတ အလီဘွန်ဂိုကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ဘက်အရာရှိတွေဟာ အစိုးရအဖွဲ့ဝင်ဟောင်းတွေကို အကျင့်ပျက်ခြစားကြောင်း စွပ်စွဲပြီးတော့ ပြစ်တင်ရှုတ်ချဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်ခေါင်းဆောင်တွေဟာ သြဂုတ်လ ၃၀ ရက် မနက်အစောပိုင်းမှာ သမ္မတ ဘွန်ဂိုရဲ့ အစိုးရအဖွဲ့ဝင် အများအပြားကို အလွဲသုံးစားလုပ်မှုကနေ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအထိ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။

သူတို့ထဲမှာ  သမ္မတဘွန်ဂိုရဲ့ သားဖြစ်သူ နိုရက်ဒင်ဘွန်ဂိုဗာလန်တင်နဲ့ အစိုးရအဖွဲ့ဝင် ဒါရိုက်တာဟောင်း အီယန်ဂစ်ဆလိန်းငိုလိုတို့ နှစ်ဦးစလုံးဟာ ကြာသပတေးနေ့က Gabon 24 မှထုတ်လွှင့်တဲ့ ငိုလိုရဲ့ အိမ်ကို ဝင်ရောက်စီးနင်းမှု ဗီဒီယိုဖိုင်မှာ ပါဝင်ခဲ့ပါတယ်။

ဒီငွေတွေဟာ ဘွန်ဂိုရဲ့ သမ္မတရွေးကောက်ပွဲအတွက် ရန်ပုံငွေတွေ ဖြစ်တယ်လို့  ငိုလိုက သတင်းစာရှင်းလင်းပွဲအတွင်း ပြောထားပါတယ်။

မဲဆွယ်စည်းရုံးရေး ရန်ပုံငွေတွေ ဖြစ်ပြီးတော့ အထဲမှာ ဘယ်လောက်ရှိတယ် ဆိုတာ ခန့်မှန်းခြေလည်း မသိတာကြောင့် သူတို့ ရေတွက်ရလိမ့်မယ်လို့ အစိုးရအဖွဲ့ဝင် ဒါရိုက်တာဟောင်း ငိုလို က ပြောပါတယ်။ 

ဂါဘွန်အာဏာပိုင်တွေရဲ့ နေအိမ်တွေကနေ ငွေသားတွေထည့်ထားတဲ့ ခရီးဆောင်သေတ္တာတွေ အများအပြားနဲ့ လက်ဆွဲအိတ်တွေ အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ဂါဘွန်နိုင်ငံပိုင်ရုပ်သံဌာန Gabon 24 က သြဂုတ်လ ၃၁ ရက်မှာ သတင်းထုတ်လွှင့်သွားပါတယ်။

ဗာလန်တင် သို့မဟုတ် ငိုလိုတို့ကို ဖမ်းဆီးမှုဟာ ငွေကြေးနဲ့ ဆက်နွှယ်မှု ရှိ မရှိကို အတည်မပြုနိုင်သေးသလို ဗာလန်တင်နဲ့ ငိုလို တို့ရဲ့ ရှေ့နေတွေကို မှတ်ချက်ပေးဖို့ ဆက်သွယ်လို့ မရသေးပါဘူး။ 

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013