DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်၌ အလယ်တန်းကျောင်းအုပ်ဆရာ ၁ ဦးကို မြို့ပြစစ်ဆင်ရေးအဖွဲ့က ဖမ်းဆီး 
DVB
·
September 1, 2023
ကလေးမြို့နယ်၌ အလယ်တန်းကျောင်းအုပ်ဆရာ ၁ ဦးကို မြို့ပြစစ်ဆင်ရေးအဖွဲ့က ဖမ်းဆီး 
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အလယ်တန်းကျောင်းအုပ်ဆရာ တယောက်ကို  မြို့ပြ စစ်ဆင်ရေးအဖွဲ့က  ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KPP) က သြဂုတ် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ကလေးမြို့၊ တောင်ဖီလာရပ်ကွက်မှာနေတဲ့ ကျောင်းအုပ်ဆရာ ဦးမောင်မောင်ခင်ကို နေအိမ်မှာ သြဂုတ် ၈ ရက် ညနေ ၆ နာရီခွဲလောက်မှာ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြို့ပြစစ်ဆင်ရေးတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီး ထိန်းသိမ်းခဲ့တာလို့ KPP တာဝန်ခံ တစ်ဦးက ပြောပါတယ်။

“အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံဖြစ်လို့ ဖမ်းတာပါ။ ဖမ်းတာက ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြို့ပြစစ်ဆင်ရေးအဖွဲ့ကပါ။”

ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာ အလယ်တန်း ကျောင်းအုပ်မောင်မောင်ခင်ကို သြဂုတ် ၂၆ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (တောင်ပိုင်း) စခန်းကို လွှဲပြောင်း အပ်နှံခဲ့ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ အောက်ရှိကလေးမြို့နယ် တရားသူကြီးများအဖွဲ့ထံ တရားစွဲ တင်ပို့နိုင်ရေး စီစဉ် ဆောင်ရွက် ထားတယ်လို့ KPP က သတင်းထုတ်ပြန်ပါတယ်။

ကျောင်းအုပ်ဆရာ ဦးမောင်မောင်ခင်ကို ဘာကြောင့် ဖမ်းဆီးတယ် ဘယ်လိုအရေးယူမယ်ဆိုတာကတော့ အသေးစိတ် မသိရသေးပါဘူး။ 

ဦးမောင်မောင်ခင်ရဲ့ သားတယောက်ဖြစ်တဲ့ နိုင်မျိုးဝင်းဟာ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ရင်း (၃)၊ တောင်ငူမှာ တပ်ကြပ်ကြီးတာဝန်နဲ့ လုပ်ကိုင်နေတယ်လို့ KPP က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013