ကစားသမားအပြောင်းအရွှေ့ဈေးကွက်မှာ လက်ရှိ ဘောလုံးရာသီ အပြောင်းအရွှေ့ဟာ ငွေကြေးအများဆုံးအသုံးပြုတဲ့ နှစ်အဖြစ် ကမ္ဘာ့စံချိန်သစ်တင်သွားပါတယ်။
အရင်က ငွေကြေးအသုံးအများဆုံးအသုံးပြုခဲ့တဲ့ ခုနှစ်အဖြစ် ၂၀၁၉ ခုနှစ်က တကမ္ဘာလုံးအတိုင်းအတာအရ စတာလင်ပေါင် ၆ ဒသမ ၅၁ ဘီလီယံက အများဆုံးဖြစ်ပါတယ်။
ဒါပေမဲ့ အခုနှစ် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်မပိတ်သိမ်းခင်အချိန်မှာပဲ တကမ္ဘာလုံးအတိုင်းအတာအရ ပေါင် ၆ ဒသမ ၅၆ ဘီလီယံအထိ ရှိလာတာကြောင့် စံချိန်ဟောင်းကို ချိုးဖျက်ပြီးငွေသုံးအများဆုံးစံချိန်သစ် တင်ခဲ့တာပါ။
အထူးသဖြင့် အာရှတိုက်အရှေ့အလယ်ပိုင်းက ဆော်ဒီပရိုလိဂ်ရဲ့ ငွေကြေးသုံးစွဲမူတွေကြောင့်လည်း ကမ္ဘာ့စံချိန်သစ်တင်ခဲ့တာပါ။
ဆော်ဒီပရိုလိဂ်ဟာ လက်ရှိအချိန်အထိ ပေါင် ၇၂၈ သန်း အသုံးပြုထားပြီး ပရီးမီးယားလိဂ်ပြီးရင် ဒုတိယငွေအသုံးအများဆုံး လိဂ်ဖြစ်နေတာပါ။
အဲဒီနောက် အီတလီစီးရီးအေက ပေါင် ၆၈၂ သန်းအသုံးပြုထားပြီး ဂျာမန်ဘွန်ဒက်စ်လီဂါက ပေါင် ၅၉၈ သန်း အသုံးပြုထားပါတယ်။
ပြင်သစ်လိဂ်က ပေါင် ၅၉၄ သန်း အသုံးပြုကာ ကစားသမားတွေ ဝယ်ယူခဲ့ပြီး စပိန်လာလီဂါက ပေါင် ၃၄၂ သန်း အသုံးပြုထားတာဖြစ်ပါတယ်။
Photo - Reuters










