DVB Logo
Home
မြန်မာသတင်း
ထွန်တုံးတိုက်ပွဲဝင် ရခိုင်လယ်သမားများ လျော်ကြေးရမည်
DVB
·
July 29, 2014
ထွန်တုံးတိုက်ပွဲဝင် ရခိုင်လယ်သမားများ  လျော်ကြေးရမည်
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာက ဂေါက်ကွင်းအတွက် မြေယာစွန့်လွတ်ခဲ့ရတဲ့ လယ်သမားတွေကို ရခိုင်ပြည်နယ်အစိုးရက ၁ ဧကကို ကျပ်သိန်း ၂၀ နှုန်းနဲ့ နစ်နာကြေးပေးဖို့ ညှိနှိုင်းသဘောတူလိုက်ကြပါတယ်။

၂၀၀၀ ပြည့် နှစ်ဆန်းပိုင်းမှာ စကခ (၅) က ဗိုလ်မှူးချုပ် ကြည်သိန်းက ဦးစီးပြီး ကိုင်းရှည်ရွာသား ၇ ဦးရဲ့ မြေဧက ၇၀ လောက်ကို သိမ်းဆည်း ဂေါက်ကွင်းလုပ်ဆောင်ပြီး မြို့မိမြို့ဖကို လွှဲခဲ့ပြီး ဂေါက်ကွင်းကော်မတီနဲ့ စီမံနေတာပါ။

တပ်မတော်အစိုးရ လက်ထက် မပြောရဲပေမယ့် လက်ရှိကာလမှာ သူတို့လယ် သူတို့ ပြန်ရဖို့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးဌာနတွေ၊ မြေယာစီမံခန့်ခွဲမှု ကော်မတီတွေကို ဥပဒေဘောင်တွင်းက တင်ပြပေမယ့် မထူးတာကြောင့် ဇွန် ၂၄ ရက်နေ့က ဂေါက်ကွင်းမှာ  ၀င်ရောက်ထွန်ယက်ခဲ့ကြပါတယ်။

ဒီဆောင်ရွက်ချက်ကြောင့် သူတို့ကို ဂေါက်ကွင်းတာဝန်ရှိသူတွေက ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခဲ့ပါတယ်။

ဒီကာလအတွင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပြောင်းအလဲမှာ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက တောင်ကုတ်မြို့ကိုလာစဉ် တင်ပြလို့ နစ်နာကြေးပေးဖို့ ဖြစ်လာတာပါ။

ဇူလိုင်လ ၂၈ ရက်နေ့က မြေသိမ်းခံရတဲ့ လယ်သမား ၇ ယောက်ကို တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းကို ဖိတ်ခေါ်ပြီး မြေယာစီမံခန့်ခွဲမှုကော်မတီက တာဝန်ရှိသူတွေ၊ ဂေါက်ကော်မတီက တာဝန်ရှိသူတွေနဲ့ နှစ်ရက်ဆက်တိုက် ညှိနှိုင်းပြီး သဘောတူခဲ့တာလို့ တက်ရောက်ညှိနှိုင်းတဲ့ လယ်သမား ကိုခလေး ခေါ် ကိုစိုးမိုးနိုင်က ပြောပါတယ်။

ကာလပေါက်ဈေး ၁ ဧကကို ကျပ်ငွေ ၂၅ သိန်းကနေ သိန်း ၄၀ အထိ ဈေးပေါက်ပေမယ့် ၁ ဧကကို သိန်း ၂၀ နဲ့ ညှိနှိုင်းအဆင်ပြေတာလို့ ဆိုပါတယ်။

“၂၆ ရက်နေ့က ညှိတယ်၊ အဆင်မပြေဘူး။ နောက်တရက် ထပ်ညှိတယ်၊ အဆင်ပြေသွားတယ်။ ပေးတာကလည်း ဒီကလူတွေ ပေးမှာမဟုတ်ပါဘူး။ ပြည်နယ်ဝန်ကြီးချုပ်ဆီ ထပ်တင်ပြရမှာ သူတို့က၊ ပြည်နယ်ဝန်ကြီးချုပ်ဆီ တင်ပြလို့မှ မပြည့်ရင် ဒီကလူကြီးတွေ ၀ိုင်းဖြည့်ပေးမယ်။ အမှုကိုလည်း ရုပ်သိမ်းပေးမယ် ပြောတယ်။”

ဧကပေါင်း ၇၀ ကျော် သိမ်းတဲ့ထဲက လယ်မြေ ၂၈ ဧက လောက်အတွက် နစ်နာကြေးပေးမှာဖြစ်ပြီး ကျန်မြေတွေကတော့ နွားစားကျက်တွေဖြစ်လို့ နစ်နာကြေးမယူတော့ဖို့ ညှိနှိုင်းခဲ့တယ်လို့ သူက ပြောပါတယ်။

သူတို့အပေါ် ဂေါက်ကွင်းကော်မတီက စွဲဆိုတဲ့ ပိုင်နက်ကျူးလွန်မှုကို ရုပ်သိမ်းပေးမယ်လို့ ညှိနှိုင်းပေမယ့် လာမယ့်သြဂုတ် ၆ ရက်နေ့ကိုတော့ ရုံးချိန်း ချိန်းဆိုထားတယ်လို့ ကိုစိုးမိုးနိုင်က ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013