DVB Logo
Home
နိုင်ငံတကာ
ကုလသမဂ္ဂလုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲရေး ဂျိုးဘိုင်ဒင်နှင့် ဆွေးနွေးလိုဟု ဘရာဇီးသမ္မတ ပြော
DVB
·
August 30, 2023
Donate to DVB

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အပြောင်းအလဲတွေလုပ်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ အလားအလာတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဆွေးနွေးလိုတယ်လို့  ဘရာဇီးသမ္မတ လူးဝစ်စ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗားက သြဂုတ်လ ၂၉ ရက်မှာ ပြောပါတယ်။ 

ဘရာဇီးလ်သမ္မတ လူလာက  “ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံကို အသစ်ပြန်လုပ်စေချင်ပြီး ကုလသမဂ္ဂကို ပိုပြီး ပုံစံတကျဖြစ်အောင် နိုင်ငံအသစ်တွေကို လက်ခံစေချင်ကြောင်းနဲ့ ၁၉၄၅ ခုနှစ်က ကုလသမဂ္ဂဟာ ဒီကနေ့ ကမ္ဘာကြီးကို ကိုယ်စားမပြုတော့ဘူး”လို့ ပြောသွားတာပါ။

ယူကရိန်းကို ရုရှားက ကျူးကျော်တာဟာ ကုလသမဂ္ဂရဲ့ ဦးဆောင်မှု ကင်းမဲ့တာ ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရှိတဲ့ နိုင်ငံတွေကပဲ စစ်ပွဲတွေ ဆင်နွှဲနေကြတာလို့လည်း သူက ဆိုပါတယ်။

“ရုရှား၊ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်နဲ့ လစ်ဗျားတို့မှာ စစ်ပွဲတွေ ဖြစ်နေကြပြီးတော့ အဲဒါကို ထိန်းချုပ်နိုင်ဖို့ ကုလသမဂ္ဂဟာ နိုင်ငံတွေကို လိုအပ်နေတယ်။ စစ်ပွဲမဖြစ်စေချင်ဘူး ဆိုရင် စစ်မစတင်ခင်မှာ ညှိနှိုင်းလို့ရတယ်”လို့ ဘရာဇီးသမ္မတ လူလာက ပြောပါတယ်။ 

ဘရာဇီးလ်နဲ့ တခြားနိုင်ငံတွေကို ကောင်စီမှာ အမြဲထာဝရထည့်သွင်းထားဖို့ ကာလကြာရှည် မဲဆွယ်ခဲ့သူဖြစ်တဲ့ လူလာဟာ လာမယ့်လမှာ နယူးယော့ခ်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ပြင်ပမှာ ဘိုင်ဒန်နဲ့ တွေ့ဆုံမယ် လို့ မျှော်လင့်ရပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က တောင်အာဖရိကမှာ BRICS အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးအတွင်း လက်ဝဲခေါင်းဆောင် လူလာဟာ BRICS အဖွဲ့ဝင် တရုတ်နဲ့ရုရှားတို့ကို ကောင်စီဝင်နိုင်ငံတွေကို အမြဲတမ်းအဖွဲ့ဝင်တွေအဖြစ် ပိုမိုပံ့ပိုးကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဘရာဇီးလ်နိုင်ငံတွင်းမှာ အချမ်းသာဆုံးတွေ မဟုတ်ကြတဲ့ အဆင်းရဲဆုံးသော ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရာမှာ သူ့အစိုးရကို ကွန်ဂရက်လွှတ်တော်က ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘရာဇီးလ်ခေါင်းဆောင်က ဆိုရှယ်မီဒီယာပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ ထည့်ပြောသွားပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013