DVB Logo
Home
မြန်မာသတင်း
ရတောင့်ရခဲအခွင့်အရေးကို အသုံးချပြီး မွန်အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြရန် MSDF တိုက်တွန်း
DVB
·
August 30, 2023
ရတောင့်ရခဲအခွင့်အရေးကို အသုံးချပြီး မွန်အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြရန် MSDF တိုက်တွန်း
1 / 4
Donate to DVB

ရတောင့်ရခဲအခွင့်အရေးကို အသုံးချပြီး မွန်အမျိုးသားလွတ်မြောက်ရေးအတွက် မွန်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ပြည်တွင်း ၊ ပြည်ပရှိ မွန်ပြည်သူတရပ်လုံး အတူတကွ လက်တွဲပြီး တိုက်ပွဲဝင်ကြဖို့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) က တိုက်တွန်းလိုက်ပါတယ်။

သြဂုတ် ၃၁ ရက်မှာ ကျရောက်မယ့် ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အတွက် စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ မွန်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အခုလို တိုက်တွန်းလိုက်တာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကြောင့် မတရားအာဏာလုယူထားတဲ့ စစ်တပ်ကို မကွေး၊ စစ်ကိုင်းတိုင်း အပါအဝင် တိုင်းနဲ့ ပြည်နယ်နေရာအနှံ့မှာ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် အမျိုးမျိုး အမြစ်ပြတ်ချေမှုန်းရေးအတွက် တပြည်လုံး တိုက်ပွဲဝင်ကြတယ်လို့ ဆိုပါတယ်။

တပြည်လုံး တိုက်ပွဲဝင်မှုဟာ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေမှာ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီတိုက်ပွဲတွေအတွက် ရတောင့်ရခဲ အခွင့်အရေးတရပ် ဖြစ်တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီအခွင့်အရေးတွေကို လက်လွှတ် အဆုံးအရှုံးမခံဘဲ အမိအရ ဆုပ်ကိုင်ပြီး မွန်အမျိုးသားလွတ်မြောက်ရေးနဲ့ ကိုယ်ကံကြမ္မာကိုယ် ဖန်တီးခွင့်အတွက် မွန်ပြည်သူတရပ်လုံး အတူတကွ လက်တွဲပြီး တိုက်ပွဲဝင်ကြဖို့ မွန်ပြည်ကာကွယ်ရေးတပ်က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

မွန်တော်လှန်ရေးနေ့ဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မွန်လူမျိုးတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရှိဖို့ ဖဆပလအစိုးရလက်ထက် မွန်လူငယ် ၂၇ ယောက် ဦးဆောင်ပြီး ကရင်ပြည်နယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်စီးနင်းသိမ်းပိုက်ရာကနေ အစပြုခဲ့တာပါ။

ဒီနှစ်မှာ ကျရောက်မယ့် မွန်တော်လှန်ရေးနေ့ကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝင်းစိန်တောရရှိ မွန်အာဇာကုန်းနဲ့ ဝါရင့် မွန်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသတွေမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013