DVB Logo
Home
သတင်းတို
နာမည်ကြီး Tat Hong Intraco ကရိန်းကုမ္ပဏီ ၀င်ရောက်
DVB
·
July 29, 2014
နာမည်ကြီး Tat Hong Intraco ကရိန်းကုမ္ပဏီ ၀င်ရောက်
Donate to DVB

စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ များပြားလာတဲ့ မြန်မာနိုင်ငံမှာ ၀င်ရောက်လုပ်ကိုင်တော့မယ်လို့ ကရိန်းလုပ်ငန်း စွမ်းဆောင်မှုမှာ ကမ္ဘာ့ သတ္တမအဆင့်နေရာ ရထားတဲ့ စင်ကာပူအခြေစိုက် Tat Hong Intraco Heavy Equipment ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။

TH818-2ကုမ္ပဏီ အနေနဲ့ မြန်မာနိုင်ငံထဲက အခြေခံ အဆောက် အဦ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းနဲ့ အခြား သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ Crawler ကရိန်းနဲ့  Tower Crane လုပ်ငန်းတွေကို ၀န်ဆောင်မှု ပေးသွားမယ်လို့ ဆိုပါတယ်။

ကြီးမားတဲ့ ကရိန်းအရေအတွက် ၁၆၀၀ လောက် ပိုင်ဆိုင်တဲ့ တက်ဟောင်ကုမ္ပဏီဟာ ၅၅ တန်ကနေ တန် ၁၀၀ အထိ မနိုင်စွမ်းရှိတဲ့ Crawler ကရိန်း ၇ စင်း မြန်မာနိုင်ငံထဲကို ရွှေ့ယူလာပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013