DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ လယ်မြေများအတွင်း ကွမ်းစိုက်သူများထံမှ အခွန်စကောက်
DVB
·
August 29, 2023
ဧရာဝတီတိုင်း၌ လယ်မြေများအတွင်း ကွမ်းစိုက်သူများထံမှ အခွန်စကောက်
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ ညောင်တုန်း၊ ဇလွန်၊ ဓနုဖြူနဲ့ ဟင်္သာတမြိုနယ်တွေက ရွာတချို့မှာ တောင်သူတွေဟာ လယ်မြေမှာ စပါးမစိုက်ဘဲ ကွမ်းစိုက်နေကြတာ ၁၀ နှစ်လောက်ရှိရာမှာ အခုနှစ် ၂၀၂၃ ကစလို့ အခွန်စကောက်နေပြီဖြစ်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် ကျေးရွာဥက္ကဋ္ဌတွေက လယ်မြေတွေမှာ ကွမ်းစိုက်သူတွေထံ က ကွမ်းတတိုင်ကို ၂ ကျပ်နှုန်း၊ ဆယ်လှန် တကွက်ကို ကျပ် ၅၀၀၀၊ တဧကကို ကျပ် ၆၀၀၀၀ အထိကောက်ခံနေတာဖြစ်ပြီး ကွမ်းခြံမှာ နွားအသုံးပြု​သူတွေဆီကလည်း နွားတကောင်ကို ကျပ် ၅၀၀၀ အထိ သတ်မှတ်ကောက်ခံတာလို့ ကွမ်းစိုက်သူတွေက ပြောပါတယ်။

လယ်မြေဆိုတာ သဘာဝအရသော်လည်းကောင်း၊ လူတို့ဖန်တီးသော နည်းလမ်းအရသော်လည်းကောင်း စိုက်ပျိုးရေးရယူပြီး ရေထိန်းသိမ်းနိုင်စေရန် ဆောင်ရွက်ထားသည့် စပါးသီးနှံ အဓိက စိုက်ပျိုးသော မြေကိုဆိုသည်ဟု ၂၀၁၂ လယ်ယာမြေဥပဒေမှာ ဖော်ပြထားပါတယ်။

အခွန်ဆောင်ခဲ့ရသူ ညောင်တုန်းက ကွမ်းစိုက်တောင်သူတဦးက “ကျမတို့ ရွာရဲ့ တောင်ဘက်ရွာတွေကို ဩဂုတ်လထဲက မိုက်နဲ့ ကြော်ငြာတယ်။ ၁ ဧကကို ၆၀၀၀၀ ပေးရမယ်တဲ့။ အခုတော့ ညောင်တုန်း တမြို့နယ်လုံး ပေးနေရတယ်။ အရင်က လယ်မြေမှာ အိမ်ဆောက်လို့ ဖျက်ခိုင်းတာပဲ ကြားဖူးတယ်။ လယ်မြေမှာ တခြားဟာ စိုက်တဲ့သူတွေဆီကကျတော့ ပိုက်ဆံ မကောက်ဘဲ ဒီဘက် အစိုက်များတဲ့ ကွမ်းခြံတွေကျ ပိုက်ဆံကောက်တယ်”လို့ ပြောပါတယ်။ 

ကွမ်းခြံတွေမှာ ဆယ်လှန်တကွက်ကို ကွမ်းတိုင်ရေ ၂၅၀၀ ခန့်ရှိပြီး တဧကမှာ ဆယ်လှန် ၁၂ ကွက် ပါရှိတဲ့အတွက် ကွမ်းတိုင်ရေ ၃၀၀၀၀ ခန့် ရှိပါတယ်။

​​ဇလွန်မြို့ ကျေးရွာတွေမှာလည်း ဥက္ကဋ္ဌတွေက အစည်းအဝေးခေါ်ပြီး လယ်မြေဟာ စပါးစိုက်ဖို့သာ ဖြစ်ပြီး စပါးမစိုက်ဘဲ ကွမ်းစိုက်ပါက အခွန်ပေးရမှာဖြစ်ပြီး မပေးပါက ဥပဒေအရ ကွမ်းခြံတွေ ဖျက်သွားမယ်လို့ ပြောဆိုခဲ့တယ်လို့ ဇလွန်မြို့က ကွမ်းစိုက်တောင်သူတွေက ပြောပါတယ်။

ဓနုဖြူနဲ့ ဟင်္သာတဘက်က ကျေးရွာတချို့မှာလည်း လယ်မြေတွေမှာ  ကွမ်းခြံစိုက်ပျိုးက ကောက်ခံတဲ့အပြင် ကွမ်းခြံများမှာ နွားအသုံးပြုသည် ဖြစ်စေ၊ မွေးမြူထားတာ ဖြစ်စေ  နွားတကောင်ကိုလည်း ကျပ် ၅၀၀၀ အထိ ပေးရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013